Part 3

14.4K 1.4K 30
                                    

Baek pov

တစ်ခါတစ်လေ အမှတ်မထင်တို့ မတော်တဆတို့ ဆိုတဲ့ အရာတွေကိုကျေးဇူးတင်မိတယ်

ကျွန်တော်ရဲ့ မနက်ဟာ မထူးဆန်းတဲ့နေ့အဖြစ် နိုးထလာခဲ့တယ် သူနဲ့ကျွန်တော်ကြား ဖြစ်ပျက်ခဲ့တဲ့ အရာတွေဟာ မပီပြင်ဝိုးတဝါး ပျောက်ကွယ်သွားမှာပါ ဘာမှမဟုတ်အရာတစ်ခုလို့ ခေါင်းစဉ်တပ်လို့် ရပေမဲ့ ကျွန်တော်ခံစားရတာကျွန်တော်သာအသိဆုံး...

ဒီနေ့လည်း ကျွန်တော်ကိတ်မုန့်လေးတွေဖုတ်ရင်း ရလာတော့ ရှေ့ကစားပွဲလေးပေါ်တင်ဖို့ မုန့်ဗန်းလေးကိုင်ရင်းထွက်လာခဲ့တယ် ကျွန်တော့်ညာဘက်မျက်ဝန်းထောင့်လေးက နှစ်ခါမျှတွေ့ဖူးပေမယ့် ရင်းနှီးနေတဲ့ ပုံရိပ်လေးကို လှမ်းမြင်မိတယ် တိတ်ဆိတ်နေတဲ့ ဆိုင်လေးထဲမှာ သူ့အသံသြသြရယ် မရင်းနီးတဲ့ ရယ်သံတိုးတိုးတွေရယ် မပီပြင်ပေမယ့် ကြားနေရတယ် ကျွန်တော်လှည့်မကြည့်ဖြစ်အောင် ကိုယ့်ကိုကိုယ် သတိပေးရင်း ကိတ်မုန့်လေးတွေ ထည့်ပီးမီးဖိုခန်းဘက် ပြန်ဝင်ခဲ့တယ်.....

ကျွန်တော်သူ့ကို ကတိပေးခဲ့တယ်လေ ထိပ်တိုက်တွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်မယ်လို့.....
.............................

'Baek ရေ ဆိုင်အတွက်လိုအပ်တဲ့ ပစ္စည်းတွေ သွားဝယ်ပေးအုံး hyung လိုက်တော့မပို့တော့ ဘူး အပြန်ဝင်ခေါ်မယ်နော် Baek ရတယ်မလား '

"ရပါတယ် hyung ရဲ့ "

Xiumin hyung ကျွန်တော့်ကိုမှာပီးထွက်သွားတယ် ကျွန်တော်လည်း သွားဖို့ပြင်ဆင်လိုက်တယ်....

Super market ရောက်တော့......

ကိတ်အတွက်လိုအပ်တဲ့ cherry flavor choco flavor အမှုန့်လေးတွေတော့ ရပီ နောက်ထပ်လိုတဲ့ strawberry flavor အမှုန့်လေးက အပေါ်ဆုံးထပ်မှာ ခြေဖျားလေးထောက်ပီးလှမ်းယူတော့လည်းမမှီ ဝန်ထမ်းတစ်ယောက်လောက် အကူညီတောင်းမယ်ဆိုတော့ အနားမှာ တစ်ယောက်မှမရှိ နောက်တစ်ခေါက် ခုန်ဆွ ခုန်ဆွ နဲ့လှမ်းယူတော့လည်းမရ လိုတာမရရင်လုပ်နေကျထုံးစံအတိုင်း နှုတ်ခမ်းဆူထားမိတယ် ရုတ်တရက် ကျွန်တော့်နောက်ကနေ လူတစ်ယောက်က ကျွန်တော်လိုချင်တဲ့ အထုတ်လေး ယူပီး ကျွန်တော် လက်ထဲထည့်ပေးတယ်.....

Official [Completed] (Zawgyi + Unicode)Tahanan ng mga kuwento. Tumuklas ngayon