Part 24

12.6K 1.1K 50
                                    


"ကိုယ်တို့ မတွေ့ဖြစ်တဲ့ အချိန်အတွင်းမှာ အဆင်ပြေရဲ့လား Baek?''

ဟန်မြစ်ကို ဖြတ်တိုက်နေတဲ့ လေအေးအေးကပဲ အေးစက်နေသလား....
သူဘေးမှာရှိနေတာကြောင့်ပဲ အေးစက်သွားသလားမသိပေမယ့်....
ပတ်ဝန်းကျင်ကတော့ အေးစက်ငြိမ်သက်သွားမိတာအမှန်ပင်။

လိမ္မော်ရည်ခွက်ထဲက နောက်ဆုံးလက်ကျန်ကို မော့သောက်လိုက်ရင်း သူ့ဆီက စကားသံကြားမှ နားစိုက်ထောင်မိသည်။

"အင်း....ပြေပါတယ်''

သူ့ဘက်ကိုတော့ မသိချင်၍ Hyungရော အဆင်ပြေလားလို့ ပြန်မမေးမိ။
Park Chanyeolဆိုတာ Byun Baekhyun မရှိလည်းအဆင်ပြေမယ့် လူမျိုးမလား။

ဆက်ပြောစရာ စကားမရှိတော့သလို တဖန် ပြန်ငြိမ်သက်သွားသည့် ပတ်ဝန်းကျင်။

လက်ထဲက လိမ္မော်ရည်ခွက်အခွံလေးကို အနီးရှိ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ စကားစရှာမရတော့တဲ့ အခြေအနေမှာ အကောင်းဆုံးကတော့ နှုတ်ဆက်လက်ပြခြင်းပဲလေ။

"အခု ကိုယ်တို့နှစ်ယောက် အခြေအနေက ဘယ်လိုမျိုးလဲ?''

ထပြန်တော့မယ်လို့ ပြင်ဆင်လိုက်ကာမှ သူ့ဆီက ထွက်ကျလာတဲ့ အမေးစကား။

ပတ်သက်မှု မရှိတော့တဲ့ ဆက်ဆံရေးကို အတည်ပြုချင်တာလား ....
ဒါမှမဟုတ် Baekhyunဘက်က သဘောထားထားကို သိချင်တာလား....
သေသေချာချာမသိတာကြောင့် နှုတ်ဆိတ်နေမိသည်။

"Baek ကိုယ်မေးတာ ဖြေပေးပါ''

ထပ်မေးလာတဲ့ မေးခွန်းကို Baekhyun အတည်ပြုပြန်ဖြေမှသာ ပီးပြတ်တော့မည်။

"ချစ်သူဟောင်း....
အာ...မဟုတ်ဘူး....
ရည်းစားဟောင်းပဲပြောရမလား....
ချစ်သူဟောင်းလို့ပြောရအောင်လည်း ချစ်တယ်ဆိုတဲ့စကားကို အပြန်အလှန်ပြောပီး ကြည်နူးခဲ့ကြတာမဟုတ်....
အဲ့တော့.... ခဏတာတွဲခဲ့ကြတဲ့ ရည်းစားဟောင်းတွေပေါ့....

ဟုတ်တယ်မလား ....

Chanyeol Hyung"

ကိုယ့်ကို စိုက်ကြည့်ရင်းမေးတာမို့ ကိုယ်ကလည်းသူ့ကို ပြန်ကြည့်ရင်း အဖြေပေးလိုက်သည်။
သူ့မျက်နှာတစ်ချက်ပျက်သွားတာကို ညမီးရောင်အောက်မှာ ဝိုးတဝါးမြင်လိုက်မိသလို။

Official [Completed] (Zawgyi + Unicode)Kde žijí příběhy. Začni objevovat