Part 27

12.9K 1.1K 52
                                    


ကားရပ်ရန် ဆိုတဲ့ ကားလမ်းနံဘေးက ကွက်လပ်လေးမှာ ကားရပ်ထားပီး ကားထဲမှာထိုင်နေရတာပင် အတော်ကြာနေပီဖြစ်သည်။

စီယာတိုင်လက်ကိုင်ပေါ် လက်ချောင်းလေးတွေနဲ့ တတောက်တောက်ခေါက်ရင်း ကားရဲ့မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ Cafe' Melody ဆိုတဲ့ ကော်ဖီဆိုင်လှလှလေးကို မမှိတ်မသုန် ကြည့်နေမိသည်။

ဆိုင်လေးက အချစ်အဓိပ္ပါယ်ပန်းရောင်လေးတွေ အဖြူရောင်လေးတွေနဲ့ ချစ်စရာကောင်းစွာ အေးချမ်းနေပေမယ့် ဆိုင်ပိုင်ရှင်ကောင်လေးမျက်နှာကတော့ တင်းမာနေသည်။

အဝေးက လှမ်းမြင်ရသည့် မျက်နှာလေးကပင် ဒေါသထွက်နေမှန်းသိသာလှသည်။

Rosy တို့သားအမိကြောင့် စိတ်ကသိကအောက်ဖြစ်နေမှာ သိပေမယ့် Baekhyunကို အရင်မပို့ဖြစ်။

ကားငှါးစီးသွားမယ်ဆိုတာလည်း လက်မခံမိ။ Baekhyun ကိုရှင်းပြစရာတွေ ရှိသေးသည်။

ကားပေါ်မှာ မကောင်းတတ်၍သာ Rosy နဲ့စကားတွေပြောနေပေမယ့် မှုန်ကုတ်နေသည့် မျက်ခုံးတန်းတန်းလေးတွေကြောင့် Baekhyun စိတ်မကြည်လောက်တော့ဘူးဆိုတာ Chanyeolသိသည်။

သို့ပေမယ့် Rosy တစ်ယောက်ထဲဆို ကိစ္စမရှိပေမယ့် ကလေးပါ,ပါနေသည်ဆိုတော့ Chanyeol မျက်နှာမလွှဲနိုင်ခဲ့။
တာဝန်တွေက ရှိသေးသည်လေ။

Baekhyunအရမ်းကိုပဲ ပြန်ချင်နေမှန်းသိပေမယ့် Rosy တို့သားအမိကိုပဲ အရင်ဝင်ပို့ခဲ့သည်။

အဲ့ဒါကပင် Baekhyunအတွက် ပိုစိတ်တိုစရာဖြစ်လာခဲ့သည်။

Rosyတို့သားအမိကို ပို့ပေးသည့်နေရာက အရင်က Baekhyunအခါခါနေခဲ့ဖူးသော Chanyeolရဲ့ တိုက်ခန်းဖြစ်နေသောကြောင့်ပင်။

Rosyတို့ သားအမိကားပေါ်ကဆင်းသွားပီး ဖြစ်ပေမယ့် Chanyeolက ရှေ့ခန်းကို လာထိုင်ရန်ပြောသော်လည်း မကြားချင်ယောင်ဆောင်နေသည်။

Chanyeol ရှင်းပြရန်စကားစသော်လည်း နားကြပ်တပ်ကာ မျက်လုံးကိုတင်းတင်းမှိတ်ထားသည်မို့ အခွင့်မသာခဲ့။

ကားနောက်ကြည့်မှန်ကနေမြင်နေရသည့် လည်ပင်းအကြောတွေပင်ထောင်နေကာ အံကျိတ်ထားသည့် Baekhyun ပုံစံက တော်တော်လေးကို ဒေါသထွက်နေသည့်ပုံ။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now