Part 29

12.7K 1.1K 47
                                    


အခြေအနေအားလုံးလည်း ရှင်းလင်းသွားပီ။
Baekhyunနဲ့လည်းပြန်လည် အဆင်ပြေသွားပီဖြစ်သည်။

နှစ်ဘက်လူကြီးတွေကိုလည်း အသိပေးကာ Chanyeolတို့နှစ်ယောက် တရားဝင်တွဲခဲ့သည်။

အပေါင်းအသင်းမိတ်ဆွေတွေ အားလုံးကို ချစ်သူတွေ ပြန်ဖြစ်ခဲ့ပီဟု တရားဝင်အသိပေးခဲ့ကြသည်။

အရာအားလုံးဟာ အဆင်ပြေသွားပီမို့ လောကကြီးက သာယာတာထက်ကို ပိုနေသည်။

ခုဆိုBaekhyunနဲ့ ပြန်တွဲဖြစ်တာ တစ်လလောက်ရှိပီ ဖြစ်သည်။
တစ်လအတွင်းမှာတော့ Baekhyunဟာ အရင်Baekhyunနဲ့ မတူတော့။

Chanyeolနဲ့ပတ်သက်ရင် အရမ်းသဝန်တိုလာသည်။
ကိစ္စသေးသေးလေးကအစ မကျေနပ်လျှင် စိတ်ဆိုးသည်။ စိတ်ကောက်သည်။
အဆိုးဆုံးက အရမ်းရစ်တတ်လာသည်။

နောက်ပီး အရမ်းကပ်သီးကပ်ဖဲ့နိုင်လာသည်။

ခွဲနေခဲ့ရတဲ့အချိန်တွေ အရမ်းကြာခဲ့တာမို့... ဆက်ပီးခွဲမနေနိုင်တော့တာမို့... Chanyeolနဲ့အတူလာနေရန်ခေါ်သော်လည်း မနက်တိုင်း ဆိုင်အတွက် မုန့်လုပ်ရအုံးမည်ဟုဆိုကာ လာမနေခဲ့။

အဲ့တော့လည်း မနေနိုင်တဲ့ Chanyeolကသာ Baekhyunနေတဲ့ ဆိုင်လေးရဲ့ အပေါ်ထပ်ကို အတူလာနေရသည်။

နေ့လည်တွေ့ချင်တာရယ် Baekhyunချက်ကျွေးတဲ့ ထမင်းဟင်းကို စားချင်တာကြောင့် Lunch time နားချိန် ထမင်းချိုင့်လေးလာပို့ပေးပါဟုဆိုတော့ အားတဲ့နေ့မှလာပို့မည် မအားရင်တော့ မတတ်နိုင်ဘူးဟု ဆိုသဖြင့် မနေနိုင်သည့် Chanyeolကသာ Baekhyunဆိုင်သို့ နေ့တိုင်းပင် နေ့လည်စာပြန်စားဖြစ်သည်။

Baekhyunကလည်းဆိုင်တစ်ဖက်နဲ့
Chanyeolကလည်းရုံးတစ်ဖက်နဲ့မို့ နှစ်ယောက်လုံးမအားလပ်တာကြောင့် အတူဒိတ်တောင်မလုပ်ဖြစ်ကြောင့်.....

Chanyeolရုံးပိတ်ရက် Sunday တစ်ရက်ကိုတော့ အနားယူသည့်အနေနဲ့ တစ်နေ့လုံး Chanyeolတိုက်ခန်းလေးမှာ အချိန်ဖြုန်းကြသည်။

ဒါကလည်း Chanyeolအတင်းအကျပ်ပြောတာမို့ Sundayတစ်ရက်ကို Baekhyunက ဆိုင်အလုပ်တွေကို နားကာ နေပေးလေသည်။

"ကိုကို....
နောက်တစ်ပတ် တကယ်အားတာနော်''

နောက်ပီး ....
ကိုကို.....
အရင်က နှစ်ယောက်ထဲ အတူရှိချိန်တွေသာ ခေါ်ခဲ့ဖူးသည့် နာမ်စားလေးကို အရမ်းသဘောကျတာကြောင့် အမြဲတမ်းခေါ်ခိုင်းခဲ့သည်။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now