FINAL

6.5K 488 90
                                    

*Zaw Gyi*

ပြတင်းပေါက်မှ တစ်ဆင့် မနက်ခင်း၏ နေရောင်ခြည်က မျက်နှာပေါ်သို့ ထိုးစိုက်နေလေတော့ မျက်စိအစုံတို့ ပွင့်ပြီး နိုးလာလေသည်။
အိပ်မှုန်စုံမွှားနှင့် မျက်စိတို့အားပွတ်ကာ ဘေးသို့ လှည့်လိုက်မိတော့ မြင်လိုက်ရသည့် မျက်နှာလေးက အိပ်ချင်မူးတူးဖြစ်နေသော စိတ်တို့အား ပျောက်ချင်းမလှပျောက်သွားစေသည်။

သည်မနက်ခင်းလေးဟာ Yoon အတွက်တော့ ယခင် သာမာန်နေ့ရက်များထက်
ပို၍ပြီးပြည့်စုံနေ၏။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော သူ့မျက်နှာလေးမှာ တကယ်ကို အပြစ်ကင်းလွန်းလှသည်။ ယောကျာ်းလေးတစ်ယောက်၏ အသားအရေနှင့် မလိုက်ဖက်စွာ ဖြူဖွေးလှသော ပါးပြင်ထက်၌ သွေးကြောစိမ်းစိမ်းလေးတို့က ခပ်ရေးရေးပေါ်နေသည်။ ကျယ်ပြန့်လှသော နှဖူးပြင်ထက်တော့ သူ့ရဲ့နူးညံ့လှသော ဆံနွယ်တို့က ဟိုတစ်စ ဒီတစ်စ။

Yoon ပဲထင်တာလား မသိ။
သူ့နှုတ်ခမ်းတို့က အနည်းငယ်ကွေးညွှတ်သွားသယောင်။

" ကိုယ် အဲ့လောက်တောင် ချောလား..."

ရုတ်တရက် သူ့ဆီမှ စကားသံတို့တိုးညှင်းစွာ ထွက်လာတော့ Yoon မှာ အံ့သြသွားမိသည်။
သူ အိပ်မောကျနေတယ် ထင်တာ။

သူမေးသည်ကို မဖြေသေးသည့်အတွက် Yoon ကို ကြည့်လာပြီး ဒုတိယအကြိမ် မေးဆတ်၍ မေးလာ၏။

" ဟင့်အင်း...မချောပါဘူး..."

Yoon သူ့ကို ပြုံးပြီးရွှတ်နောက်နောက် ပြန်ဖြေလိုက်တော့...

" သူဖြင့် ကိုယ့်ကိုအကြာကြီးကြည့်နေပြီးတော့.."

" မကြည့်ပါဘူး... ဘယ်မှာကြည့်လို့လဲ.. ကိုယ့်ဟာကိုယ်တောင် အခုမှ အိပ်ရာကထတာကို..."

" မလိမ်ပါနဲ့ကွာ...ကိုယ် Yoon မနိုးခင်တည်းက အစောကြီးနိုးနေတာ.."

သူက ထိုသို့ပြောလာတော့ Yoon က ထပ်မံအံ့သြရပြန်သည်။

" ဟယ်...အဲ့တာကို မထဘဲနဲ့..."

Don't Far Away ✅Where stories live. Discover now