Part 10

3.8K 435 6
                                    

*Zaw Gyi*

" ကျွန်မ...ကျွန်မ သမီးနဲ့ ချစ်သူတွေဖြစ်နေတယ် ဆိုတာ သူ..သူလား..."

" ဟုတ်ပါတယ်..သမီးလေး Yoon နဲ့ချစ်သူတွေဖြစ်နေတယ်ဆိုတာ ဟောဒီက သားငယ်လေးပါ၊ သားငယ်လေးက မွေးကတည်းက အသက်ပါမလာခဲ့ဘူး၊ ဒါပေမယ့် သူ့ရုပ်ခန္ဓာကိုယ်ကလည်း ပုပ်သိုးမသွားခဲ့တာနဲ့ ကျွန်မက အမြတ်တနိုး သိမ်းဆည်းထားမိတာပါ၊ သားငယ်လေးမှာ ဝိညာဉ်ရှိပါတယ်...သူက အိပ်မက်နဲ့အမြဲဆက်သွယ်တတ်တယ်၊ ကောင်းကျိုးပေးတဲ့ ကလေးပါရှင်..သမီးလေးဘဝ အတွက် စိတ်ချပါ...."

" အားတော့နာပါတယ် HaeSo ရယ်...ဘယ်လိုမှ မဖြစ်နိုင်ပါဘူးရှင်..ကျွန်မဘယ်လို
ပြော ရမလဲတောင် မသိတော့ဘူး၊သူ...သူက အသက်မှ မရှိတော့ဘဲ၊ ကျွန်မသမီးနဲ့ ဘယ်လိုပေါင်းလို့ရမှာလဲ...."

Yoon Eun Hwa သည် အားနာမိသော်လည်း ခုရှုပ်မှ နောင်ရှင်း ဆိုသည့်အတိုင်း သွယ်ဝိုက်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။

" ကျွန်မ သားလေးကို နားချကြည့်ပါသေးတယ်၊ ဘဝချင်းက မတူပါဘူးဆိုတာကို ဖြစ်နိုင်အောင် သူကြိုးစားပါ့မယ်တဲ့...သူက မေတ္တာချင်းပေါင်းဖက်ရုံနဲ့ ကျေနပ်နိုင်တဲ့လူစားမျိုးလေ....
ကဲ...သမီးရဲ့သဘောထားကိုလည်း မေးမြန်းကြည့်ဦးပေါ့...Eun Hwa ကလည်း သမီးရှင်ဆိုတော့ သေချာစဉ်းစားပါဦး၊ နောက်တစ်ပတ်လောက်နေရင် ကျွန်မတို့ အကျိုးအကြောင်းသိရအောင် လူလွှတ်လိုက်ပါ့မယ်...ဝမ်းသာစရာစကားပဲ ကြားချင်ပါတယ်ရှင်၊
ကျွန်မတို့ပိုင်ဆိုင်သမျှက ဒီသားနှစ်ယောက်ပဲ အမွေဆက်ခံစရာရှိတာမို့လို့ပါ.."

HaeSo က မက်လုံးလေးနှင့် စကားကိုအဆုံးသတ်သွားတော့ Eun Hwa မှာ ဘာမှပြန်မပြောနိုင်တော့ဘဲ ရေငုံနှုတ်ပိတ် ကျန်ရစ်ခဲ့ရသည်။

Don't Far Away ✅Where stories live. Discover now