Part 14

3.7K 381 8
                                    

*Zaw Gyi*

ညဘက်တိုင်း Yoon သည် ဘယ်လောက်ပဲ ကြောက်ရွံ့နေပေမယ့် Yoon ရဲ့လင်ယောကျာ်းမို့ အရိုအသေပြုပီးမှ အိပ်ရာဝင်မိသည်။

" လိမ္မာလိုက်တဲ့ Yoon လေး...
ကိုယ်လေ Yoon ကို တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာမိပြီ.."

" Yoon လည်း ဒီလိုပါပဲ Oppa ရယ်၊ Oppa ကို Yoon မမြင်ရပေမယ့် Yoon အနားမှာ Oppa ရှိနေမှန်းသိရတာနဲ့တင် ပြည့်စုံနေပါပြီ၊ Yoon လည်း Oppa ကို သိပ်ချစ်တယ်သိလား..."

Oppa က Yoon ရဲ့ဆံနွယ်များကို ညင်သာစွာသပ်တင်ပေးပြီး တင်းကျပ်စွာဖြင့် ပွေ့ဖက်လာလေသည်။
Oppa လက်ချောင်းလေးများ၏ အထိအတွေ့မှာ ဖယောင်းသားကလေးများကဲ့သို့ နူးညံ့လွန်းလှ၏။

" ကိုယ်လေ...Yoon ကို သိပ်ချစ်လွန်းလို့ တဇွတ်ထိုးလုပ်ခဲ့မိပေမယ့်...ကိုယ့်အချစ်ဟာ Yoon ဘဝကို နစ်မွန်းစေသလိုဖြစ်နေပြီလားလို့ တွေးမိတယ်..."

" Yoon ရဲ့အိမ်ထောင်ဘက်ဟာ ဘယ်မှာလဲလို့မေးရင် Yoon ဖြေရခက်မှာပဲနော်၊ Yoon ရဲ့လင်ယောကျာ်းဟာ လူခြောက်မှန်းသိရင် အဓိပ္ပာယ်မရှိတဲ့အလုပ်ကြီးကို လုပ်တယ်လို့ Yoon ကိုလူတွေကဲ့ရဲ့ကြမှာပဲ၊ တခြားသူတောင် မပြောနဲ့..ကိုယ့်ဆွေမျိုးတွေ ကိုယ်တိုင်က ကဲ့ရဲ့ကြတယ်မလား၊ အဲ့ဒီဒဏ်ကို Yoon ကြာရှည်ခံနိုင်ရည်ရှိပါ့မလား...."

သူ့ရဲ့မျက်ဝန်းမှာ မျက်ရည်စများရစ်ဝိုင်းနေသည်ကို တွေ့ရလျှင် Yoon ရင်ထဲက တဆစ်ဆစ်နာကျင်မိလေသည်။

" Oppa ကိုချစ်တဲ့အချစ်က
Yoon ကို အရာရာခံနိုင်ရည် ရှိစေပါတယ်...Oppa ရဲ့အချစ်နဲ့ Yoon အရာရာကို ရင်ဆိုင်ရဲပါတယ်..."

Yoon သည် သူ့ကို ဖြည်းညင်းစွာပြုံးပြလိုက်ပြီး အားမာန်အပြည့်ဖြင့် ပြန်ဖြေမိသည်။

" Oppa ဘာလို့ Yoon ကိုချစ်ရတာလဲဟင်၊ Oppa တို့ဝိညာဉ်လောကမှာ Yoon ထက်ချောတာတွေ ချမ်းသာတာတွေ တစ်ပုံကြီးရှိမှာပဲနော်...Yoon က ချောလည်းမချောဘူး..ပစ္စည်းဥစ္စာလည်း မပြည့်စုံဘူး...."

Don't Far Away ✅Where stories live. Discover now