Part 7

4.1K 434 12
                                    

*Zaw Gyi*

" Yoon ကို ကိုယ်ချစ်နေမိလို့ "

" ရှင်....."

Yoon သည် သူ၏ ရိုးရှင်းပွင့်လင်းလှသော ချစ်ရေးဆိုခြင်းကို ခံလိုက်ရသောကြောင့် အံ့သြတကြီးဖြင့် မျက်လုံးအဝိုင်းသား၊ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

Yoon နောက်ကိုဆုတ်လိုက်မိသည်။
အရမ်းလည်း ကြောက်သွားမိသည်။

ဟင့်အင်း.....ဟင့်အင်း။
Yoon သည် သူနှင့်မတန်ပါ။

သူက ရုပ်ရည်လည်း ချောမွေ့လွန်းလှသူ၊ ပစ္စည်းဥစ္စာလည်း ပြည့်စုံလွန်းလှသူ...။

Yoon မှာက ရုပ်ရည်ကလည်း နွမ်း၊ ပစ္စည်းဥစ္စာကလည်း မရှိ...။
ပြီးတော့ သူနှင့် Yoon က ဘယ်လိုမှ မဖြစ်နိုင်ပါ။

" ဘဝချင်းက တူမှမတူဘဲ..." ဟုစိတ်ထဲမှ တွေးနေမိသည်။

" ဘဝချင်းမတူလို့ Yoon က မဖြစ်နိုင်ဘူးလို့ ထင်လား..."

" အို....."

Yoon သည် ကိုယ့်အတွေးထဲက စကားကို သူကြားသွားတာကြောင့် ထပ်မံ၍ အံ့သြသွားရပြန်သည်။

" Yoon ကသာ ကိုယ့်ကိုတကယ်ချစ်တယ် ဆိုရင် ကိုယ်တို့ ပေါင်းဖက်လို့ရပါတယ်...."

" အို....မဖြစ်နိုင်တာ.."

" ဘာလို့မဖြစ်နိုင်ရမှာလဲ Yoon...လောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး...Yoon သာ ကိုယ့်ကို ချစ်တယ်မလားဟင်...."

" ဟင့်အင်း..ဟင့်အင်း၊ Yoon ကြောက်တယ်..."

Yoon သည် မျက်နှာကလေးပျက်ကာ ခါးခါးသီးသီးငြင်းနေမိသည်။

မဖြစ်နိုင်ပါ၊ ဘယ်လိုမှ မဖြစ်နိုင်ပါ....။
ဘဝချင်းမတူဘဲ လူမဟုတ်သော ဝိညာဉ်ကို ချစ်သူထားရမည့်အဖြစ်ကို Yoon တကယ်ပဲ ကြောက်လန့်နေမိသည်။

" ဘာကိုကြောက်တာလဲ Yoon...ကိုယ်တို့က ဘဝချင်းမတူလို့လား..ကိုယ်က လူခြောက်ဖြစ်နေလို့လား...ကိုယ်ကဝိညာဉ်ဖြစ်နေလို့လား...."

Don't Far Away ✅Where stories live. Discover now