Part 8

4.1K 446 6
                                    

*Zaw Gyi*

ညဘက်တွေ့ပြီးသည့် နောက်ပိုင်းတွင် သူ့ကို အိပ်မက်လည်း မမက်တော့၊ အပြင်မှာလည်း ထပ်မတွေ့ရတော့ချေ။

Yoon သည် အရူးမလေးတစ်ယောက်လို သူ့ကို အိပ်မက်ပေးဖို့ ညစဉ် အိပ်ရာဝင်တိုင်း ဆုတောင်းနေမိသည်။
ဟုတ်ပါတယ်....Yoon သူ့ကို ချစ်နေမိပြီ။

တစ်ခါမှ ရည်းစားမထားဖူးတာမို့ သူ့ကို အရူးအမူး စွဲလန်းနေမိပြီထင်တယ်....။

Yoon သည် အန်တီ့ရှေ့မှာ မူမပျက်အောင် သတိထားနေရင်း အလုပ်ထဲ စိတ်နှစ်ထားရသည်။

" Yoon ရေ...အိပ်ရာခင်းတွေ လျှော်ရအောင်၊ အပေါ်မှာ သွားတက်ယူလိုက်ကွယ်...
အိပ်ရာခင်းတွေကိုတော့ အဝတ်လျှော်စက်နဲ့လျှော်..သိလား Yoon လက်နဲ့လျှော်ရင် ပင်ပန်းတယ်..."

" ဟုတ်ကဲ့ အန်တီ..."

Yoon သည် အိပ်ရာခင်းတွေယူဖို့ အပေါ်သို့ တက်လာမိသည်။

အရင်တုန်းကဆို အိမ်ကြီးက ကြီးမားကျယ်ဝန်းတာမို့ အပေါ်သို့ တစ်ယောက်တည်း မတက်ရဲ။
အခုတော့ Yoon က အိမ်ကြီးကို ရင်းနှီးယဉ်ပါးလာခဲ့ပြီ ဖြစ်သည်။

Yoon သည် အန်ကယ့်အခန်းနှင့် Seokjin Oppa အခန်းက အိပ်ရာခင်းတွေကို အရင်ယူပြီးမှ အန်တီနှင့် Taehyung Oppa နေသော အခန်းသို့ ဝင်လာခဲ့သည်။

အိပ်ရာပေါ်မှ မည်းမည်းခြောက်ခြောက် လူခြောက်ကလေးကို အရင်လောက် မကြောက်တော့ဘဲ တစိမ့်စိမ့်ကြည့်ကာ သနားနေမိသည်။အိပ်ရာခင်းကို ယူဖို့ပြင်တော့ Yoon အခက်တွေ့နေမိသည်။

Yoon သည် သူ့ရဲ့ဘဝမှန်ဖြစ်သော ဝိညာဉ်အဖြစ်ကို ပြန်သတိရလာကာ လူခြောက်ကလေးကို မထိရဲတော့ဘဲ ရင်တဒိတ်ဒိတ်ဖြစ်လာရသည်။

တစ်တောင်ခန့် ကလေးအရိုးစုကလေးကို မကိုင်ရဲ၍ အသည်းတယားယားဖြစ်လာသည်။

အန်တီ့ကိုခေါ်ကာ အိပ်ရာပေါ်က လူခြောက်ကလေးကို ဖယ်ခိုင်းဖို့ကျတော့လည်း အားနာနေမိပြန်သည်။

နောက်ဆုံးတွင် Yoon အံကိုကြိတ်ပြီး စိတ်ကိုတင်းကာ သူ့ကို
အဝတ်နှင့်အုပ်ကိုင်၍ ဘေးနားရှိ အန်တီ့မှန်တင်ခုံပေါ် ခဏတင်လိုက်သည်။

Don't Far Away ✅Where stories live. Discover now