Part 3

4.9K 502 9
                                    

*Zaw Gyi*    

" Yoon ရေ....ထမင်းစားစို့ "

အန်တီက အဖော်ငတ်နေသူမို့ ဘာလုပ်လုပ် မခွဲခြား၊ ထမင်းစားလျှင်လည်း Yoon ကို တစ်ဝိုင်းတည်း ထိုင်စားစေသူဖြစ်သည်။

ထမင်းစားဝိုင်းတွင် အန်တီက အငွေ့တထောင်းထောင်း ထနေသော နွားနို့တစ်ခွက်နှင့် သစ်သီးစုံများချထားလေရာ ပထမတော့ Yoon နားမလည်။

ထမင်းစားပြီး အန်တီ အချိုပွဲစားဖို့ဟု ထင်မိသည်။

တကယ်တော့ မဟုတ်ပါ။

အန်တီက သူ့ဘေးက ခုံအလွတ်ကို ရွှေ့လျက်....

" သားငယ်လေးရေ...စားကြမယ်
ဟေ့..လာ "
ဟု ခေါ်မှ နားလည်လိုက်တော့သည်။

" သားငယ်လေးက အသားကြီးငါးကြီး မစားဘူးလေ
သူတော်ကောင်းလေး "

အန်တီက ဆက်ရှင်းပြသည်။

" သူမွေးပြီးမှ အန်တီတို့ စီးပွားတက်လာတာ၊ သူပြောတဲ့ လုပ်ငန်းတွေလုပ်ရင် အောင်မြင်တာပဲ..အခုထောင်ထားတဲ့ စက်ရုံကလည်း သူပြောတဲ့အတိုင်း လုပ်တာ အောင်မြင်တာပဲ "

Yoon သည် အန်တီပြောတာကို နားသာထောင်နေရသော်လည်း မျက်နှာချင်းဆိုင်မှ ကိုယ့်ကို လူတစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားနေရသည်။

Yoon သည် မလုံမလဲဖြစ်ကာ မျက်နှာအထားရ ခက်နေမိသည်။

လူရယ်လို့ တပ်အပ်မမြင်တွေ့ရပေမယ့် ကိုယ်နှင့်ရွယ်တူ ယောကျာ်းလေးတစ်ယောက် ဒီအိမ်ကြီးထဲမှာ ရှိနေတယ်ဆိုတာကို
Yoon တပ်အပ်သိနေသည်။

အန်တီက Yoon အဖြစ်ကို သိနေသလို ပြုံးနေပါသည်။

" အန်တီက သားငယ်လေးကို သိပ်ချစ်တာ၊ သားကြီးထက် ပိုချစ်တယ်...အကျိုးပေးလို့ပိုချစ်တာ မဟုတ်ဘူး၊သနားချစ်နဲ့ ပိုချစ်တာ၊ မွေးပြီးခါစကလေ သူများတွေက ကလေးအသေလေးမွေးတာဆိုပြီး နို့ခမ်းဆေးတွေထိုးခိုင်းတာ..အန်တီက မထိုးရက်ပါဘူး၊ သားငယ်လေး အန်တီနို့ လာလာစို့တာ အန်တီသိနေတယ်လေ.......

Don't Far Away ✅Where stories live. Discover now