Part 12

3.9K 440 14
                                    

*Zaw Gyi*

Yoon ၏ညာဘက်ဘေးတွင် မလှုပ်မယှက်ရှိနေသော လူခြောက်ကလေးကို ကြည့်ကာ ကြောက်စိတ်များ တစိမ့်စိမ့်ဝင်လာသည်။

သက်မဲ့လူခြောက်ခန္ဓာကိုယ်ဟာ Yoon ကို ဘာမှမလုပ်နိုင်မှန်း သိပါရဲ့နဲ့ မည်းခြောက်နေကာ မျက်စိအရာ ပါးစပ်ပေါက်ကလေးများ ပါရုံသာပါသော အရိုးခြောက်ကလေးမှာ ကြည့်ရဆိုးလှပေသည်။

ထိုလူခြောက်ခန္ဓာကိုယ်လေးကို ဘေးတွင်ထားကာ အတူအိပ်ရမည့်အဖြစ်မှာ တွေးပင်မတွေးဝံ့စရာ။
Yoon ချစ်မိသည်မှာ ဒီအရိုးစုလူခြောက်ကို မဟုတ်၊ ချောမွေ့သန့်ပြန့်လှသော Taehyung Oppa ကိုပါ....။

လူခြောက်ကလေးနှင့်သူ့ကို Yoon ဘယ်လိုမှ ယှဉ်တွဲ၍မရ။

နောက်ဆုံးတွင် Yoon သည် ခုတင်ပေါ်တွင်ငုတ်တုတ်ထိုင်ကာ လူခြောက်ကလေးကို ကျောခိုင်းထားလိုက်တော့သည်။

ို့အိပ်ခန်းတစ်ခုလုံး ဘယ်ကဝင်လာမှန်းမသိသော မီးခိုးလုံးများဖြင့် ပြည့်လာလေသည်။
မီးလောင်သလို ညှော်နံ့လည်း မရတာမို့ Yoon မှာ စဉ်းစားမရဖြစ်နေသည်။ မီးခိုးများမှာ Yoon အနောက်နားဆီသို့
လာရောက်စုဝေးနေကြသည်။
နောက်မှ Yoon ရင်းနှီးနေပြီဖြစ်သော သူ့ရဲ့ကိုယ်သင်းရနံ့ကိုရတာမို့ စိတ်အားတင်းလျက် နောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်မိသည်။

" ကြောက်နေတာလား Yoon...."

လူခြောက်ကလေးနေရာ၌ သူလှဲအိပ်နေတာ မြင်လိုက်ရလျှင် Yoon ခမျာ ကိုယ့်မျက်စိကိုယ်
မယုံနိုင်အောင် ဖြစ်သွားရသည်။

" Yoon က ကိုယ့်လူခြောက်ပုံစံကို ကြောက်နေတုန်းလား..."

" Yoon တဖြည်းဖြည်းနဲ့တော့ ရင်းနှီးလာမယ် ထင်ပါတယ်...အခုဟာက အခန်းထဲမှာ Yoon တစ်ယောက်တည်းမို့..."

Yoon ကအားနာစွာ ပြန်ဖြေလိုက်မိသည်။

" တစ်ယောက်ထဲမဟုတ်ပါဘူး၊ Yoon အနားမှာ ကိုယ်ရှိနေမှာပဲ...."

Yoon သည်ရှက်ဝဲဝဲလေး ဖြစ်သွားရပြန်သည်။

" မနက်ကကိစ္စကို အန်တီတို့အစား ကိုယ်တောင်းပန်ပါတယ်...သူတို့
တွေက အဲ့လိုပဲ၊ အရမ်းပါးစပ်သရမ်းတာ..အားနေ သူများအကြောင်းလိုက်ပြောနေတာ
စိတ်ထဲမထားနဲ့..."

Don't Far Away ✅Where stories live. Discover now