"ဘာလို့လဲ? ကိုယ်ပြောလို့ မယူတော့တာလား?''

ဝမ်းနည်းရိပ်စွန်းထင်စွာ မေးလာသည့်သူ့ကို ခေါင်းအသာရမ်းပြမိသည်။

တကယ်တော့ ကိုယ်က မီးခိုးရောင်အဝါစင်းဆွယ်တာလေးကို ပိုကြိုက်သည်လေ။

သို့ပေမယ့် သူအကြံပေးသည်ကို မယူပါက သူ့ကိုအရွဲ့တိုက်ပီးမယူတာလို့ အထင်လွှဲသွားမည်စိုး၍ ကိုယ့်ကြိုက်သည့် ဆွယ်တာလေးကို မယူဖြစ်ခဲ့တော့။

တကယ်ဆိုရင် ဆိုင်တော့မဆိုင်ပါလေ....
ကိုယ်ကြိုက်တာဝယ်တာပဲ သူ့ကို ဂရုစိုက်နေစရာမှမလိုတာ...
ဒါပေမယ့်လည်း မသိစိတ်က ဘာမဟုတ်တာလေးကအစ သူအထင်လွဲသွားမည်ကို မလိုလားပေ။

ဟူး.....စိတ်ဆိုသည်ကားထိန်းချုပ်မရတော့ ခက်သား။

.....

"ခေါက်ဆွဲအေးတစ်ပွဲပေးပါ''

"arnyi နှစ်ပွဲလုပ်လိုက်ပါ ''

Super market တည်းက နောက်ကနေ တကောက်ကောက်လိုက်လာသည့်သူက ခုနေ့လည်စာ ဝင်စားတဲ့အချိန်ထိပါလာသည်။

Super Market မှာလည်း Baekhyunသွားရာနောက် တောက်လျှောက်လိုက်သည်။

ဖိနပ်ဆိုင်ဝင်လည်းလိုက်သည်။ အရုပ်ဆိုင်ဝင်လည်းလိုက်သည်။
ယောကျာ်းလေးဝတ် ငွေထည်ပစ္စည်းဆိုင်လေးထဲ ဝင်တော့လည်းလိုက်သည်။

လိုက်လာတော့လည်း အငြိမ်နေသည်မဟုတ် Baekhyunကြည့်သည့် ပစ္စည်းများကို ဇွတ်အတင်းဝင်ရွေးပေးသည်။ သူနဲ့ကိုယ်နဲ့ ရွေးတာတူသည့်ပစ္စည်းလေးတွေတော့ ဝယ်ခဲ့ပေမယ့် တစ်ချို့ဟာတွေတော့ လိုချင်ပေမယ့် ထားခဲ့ရသည်။

ခုလည်း market တစ်ခုလုံးပတ်ပီးသည်မို့ ခေါက်ဆွဲအေးဆိုင်ဝင်တော့လည်း ခပ်တည်တည်ပင် Baekhyunနဲ့ တစ်ဝိုင်းတည်းမျက်နှာချင်းဆိုင်သို့ ဝင်ထိုင်သည်။

ခေါက်ဆွဲအေးပန်းကန်ရောက်လာတော့ Baekhyunအတွက် နယ်ပေးကာ စားရန်အသင့်အနေအထားပြင်ပေးလေသည်။

အရင်က သူနဲ့သွားစားဖူးသည့် ဆိုင်လောက်တော့ စားလို့မကောင်း။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now