ရင်ထဲက ပြောချင်တဲ့ စကားတွေကို ပွင့်ထုတ်လိုက်ချင်ပေမယ့် ကြားစေချင်သူ ချစ်ရသောသူလေးက အနားမှာမရှိတော့ ခက်လှသည်။

အရင်ဆုံး Baekhyunကို တွေ့အောင်ရှာရမည်။ ဟုတ်တယ်.... အရာရာကို Baekhyunကို သေချာရှင်းပြရမည်။ Chanyeolအပေါ် ချစ်လွန်းလှသော Baekhyunက Chanyeolရှင်းပြလိုက်ရင် အရာရာခွင့်လွှတ်လိမ့်မည်။

ထို့ကြောင့် ခြံထဲက ကားပြန်ယူကာ Baekhyunသွားတတ်သည့် နေရာတွေကို လိုက်ရှာရန် ဆုံးဖြတ်လိုက်သည်။

အရင်ဆုံး Baekhyunအလုပ်လုပ်သည့်ဆိုင်လေးသို့ ဦးတည်လိုက်သည်။ Baekhyunရဲ့ အရင်းနှီးဆုံးတွေထဲက တစ်ယောက်ဖြစ်သည့် Xiumin Hyungကိုမေးသော်လည်း အဆက်အသွယ်မရဟုသာ ကြားခဲ့ရသည်။

Kyungsoo တို့ဆီ ဆက်သွယ်သော်လည်း ထိုနည်း၎င်းပင်။

နောက်ဆုံးတော့ Baekhyunရဲ့ အိမ်လေးသို့ဦးတည်လိုက်သည်။

ငြိမ်သက်နေတဲ့ အိမ်လေးက Baekhyunမရှိသည်မှာ သေချာသလောက်ပင်။
Password နိပ်၍ ချစ်ရသူ Baekhyunအိမ်ထဲသို့ ဝင်ကြည့်သော်လည်း တိတ်ဆိတ်ခြင်းကသာ စီးကြိုနေသည်။

အသိအကျွမ်းနည်းပီး သွားစရာမရှိသည့် Baekhyunက သေချာပေါက် သူ့အိမ်ကိုပဲ ပြန်လာလိမ့်မည်။

ထို့ကြောင့် အိမ်ထဲကပြန်ထွက်ကာ အရိပ်ကျတဲ့နေရာမှာ ကားထိုးပီးBaekhyunလာနဲ့ထိစောင့်ရန် ဆုံးဖြတ်လိုက်သည်။
Chanyeolကားကိုမြင်လျှင်လည်း ချစ်ရသူကပြန်မလာမှာစိုး၍ အကွယ်ကနေနေရာယူထားရခြင်း။

ကြေမွနေတဲ့ ဖုန်းလေးကြည့်ပီးတော့လည်း Chanyeol ဒေါသထွက်ရသည်။ အဆက်အသွယ်လုံးဝပြတ်တောက်သွားရသည်မလား။

မဖိတ်ခေါ်ပါဘဲနဲ့ မျက်ရည်များလည်း ပါးပြင်ပေါ် အလုံးအရင်းကျဆင်းလာသည်။ ရင်ဘတ်ထဲ တင်းကျပ်ကာ ဘာမှလုပ်လို့မရသည့် အခြေအနေကြီးကို Chanyeol အရမ်းမုန်းလှသည်။

အရူးမီးဝိုင်းဆိုတာ ဒါမျိုးကို ခေါ်လေခြင်းလား....

......................................................................

တိုသွားပါသည်။
Typeထားသမျှတွေ အကုန်ပီးခါနီးမှ
ပျက်သွား၍ ပြန်typeလိုက်ရသည်။
သိပ်တော့ အားမရပါ။
သည်းခံပီးဖတ်ပေးပါဗျာ
😔😔😔
Thank you all❤

Official [Completed] (Zawgyi + Unicode)Where stories live. Discover now