လာရတာအလုပ်ရှုပ်ပေမယ့် အသားကင်ဆိုင်လေးကိုရောက်တော့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နဲ့ စိတ်ကျေနပ်စရာကောင်းသည်။

အသားတွေဒိုင်ခံကင်ပေးကာ ကျနော်ကတော့ အားရပါးရစားပေးသည်။ စိတ်ရှည်တတ်တဲ့ချစ်သူက ချစ်ဖို့ကောင်းလွန်းသည်။

သူ့အိမ်မှာအိပ်တဲ့ညတွေတိုင်းဟာ စိတ်လှုပ်ရှား ရင်ခုန်ပျော်ရွှင်စရာအတိ။ အချစ်နွံထဲ မျောပါသွားမိတိုင်း စွဲဆောင်မှုအားကောင်းလွန်းသော သူ့အထိအတွေ့ အယုအယကြားရုန်းမထွက်ချင်။ ညတိုင်းဟာစည်းချက်ကျကျ လှုပ်ရှားနေတဲ့ အချစ်ခရီးမှာ နာကျင်မှုရောယှက်နေပေမယ့် သာယာမှုကတော့ နတ်ပြည်ရောက်နေသလိုပင်။

အရမ်းချစ်တာပဲ ကိုကိုရာ.....

........................................................................

ခရီးကပြန်ရောက်လာတဲ့ Kyungsooကတွေ့ချင်တယ်လို့ဆိုလို့ သူ့ရုံးနားကကော်ဖီဆိုင်မှာ ရောက်နေခြင်း။ သူကတော့ site ထဲသွားရမယ်လို့ မနက်ကပြောသွားသည်မို့ ရုံးမှာမရှိနိုင်။

Kyungsooရဲ့ ခရီးသွားအတွေ့အကြုံတွေနားထောင်ရင်း Kyungsoo ပြောတဲ့စကားတစ်ခွန်းကြောင့် စိတ်လေးသွားမိသည်ကတော့ အမှန်ပင်။

'ံရုံးကလူတွေပြောတာတော့ ငါတို့ခရီးသွားတည်းက မင်းHyungက ကောင်မလေးတစ်ယောက်နဲ့တွဲသွားတွဲလာ လုပ်နေတယ် Clientလည်းမဟုတ်ဘူး ရှယ်ရာရှင်လည်းမဟုတ်ဘူးကွ မနေ့ကငါတောင်သူတို့နှစ်ယောက်ကို တွေ့လိုက်တာ တော်တော်ရင်းနှီးတယ်နဲ့တူတယ် မင်းသိရအောင်လို့ပြောပြတာ' ဆိုတဲ့ Kyungsoo စကားတွေက နားထဲမှာအထပ်ထပ်ကြားယောင်နေသည်။

ဖုန်းဆက်ပီးမေးလိုက်ချင်ပေမယ့် သူအလုပ်ရှုပ်နေမှာဆိုတဲ့အသိကြောင့် ဆန္ဒကိုချိုးနှိမ်မိသည်မှာ အခါခါ။

တစ်နေ့လုံး အလွှဲလွှဲ အချော်ချော်ဖြစ်နေသည့် ကျနော်က သူ့ဖုန်းဆက်တဲ့အခါမှ စိုးရိမ်မှု အနည်းငယ်လျော့ကျတော့သည်။

ဟုတ်တယ် မနက်ကထိကျနော်အပေါ် ချစ်ခင်ယုယနေသေးတာပဲ။ အိမ်ရောက်မှပွင့်ပွင့်လင်းလင်းမေးရမယ်။ Jamesစဉ်းစားထားခိုင်းသည့် ကိစ္စလည်း သူနဲ့တိုင်ပင်ရအုံးမယ်လေ။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now