" kyung soo ya ဒီမှာ "
အတန်းထဲဝင်ဝင်ချင်း jong daeက
လက်ပြနှုတ်ဆက်ရင်း ရယ်ပြလာလေရဲ့။
" ya ဂျယ်ဂျူ ဒိုကိုသွားမှာတဲ့ လိုက်ခဲ့ပါလား?
ငါ တစ်ယောက်ထဲဖြစ်နေတာကြီး "
"မင်းလဲသိသားနဲ့ကွာ ငါ baekhyunneကို
စိတ်မချဘူးဆိုတာ "
မျက်နှာငယ်လေးနဲ့တောင်းဆိုလာသော
သူငယ်ချင်းကို မငြင်းရက်ပေမဲ့လဲ
Baekhyunneကို စိုးရိမ်စိတ်က
ပိုသည်မှာလဲ မတတ်နိုင်။
" chanyeol hyungရှိနေတာဘဲကို
ပြီးတော့လဲ အခုပုံအရဆို baekhyun hyungက မင်းထက် yeol hyungကို
ပိုလိုအပ်မှာဘဲ လုပ်ပါကွာနော်
လိုက်ခဲ့ပါ မနက်ဖန်ညနေုပြန်ရောက်မှာကို "
" အာ dae daeရာ "
" kyung soo ya plz,
လိုက်ခဲ့လေနော် နော်လို့ "
"........"
" ဂျယ်ဂျူ ဒိုလောက်မို့ ခေါ်တာလေကွာ
ပြီးတော့ရက်အကြာကြီးနေတာလဲမဟုတ်ဘူး
ဒီတိုင်း ကျောင်းသားတွေ အပန်းဖြေရေးခရီးစဉ်
သက်သက်ဘဲကို လိုက်ခဲ့နော်kyung soo"
"ငါ ဆရာမLiကို မလိုက်ဘူးလို့ ပြောလာခဲ့ပြီးပြီ
Daeရာ အတန်းထဲက လူတွေလဲပါတာဘဲကို
ကိုယ့်ဘာသာသွားလိုက်ပါကွာ "
ဟုတ်သည်လေ အတန်းထဲမဝင်ခင်ကဘဲ
ဆရာမLiဆီသွားပြီး ဒီခရီး နီးနီးဝေးဝေး
လုံးဝမလိုက်နိုင်ကြောင်း ပြောခဲ့ပြီးပြီကိုး~~~~
" မင်းကလဲ တူမလားကွ ငါကမင်းနဲ့ဘဲ
အရင်းနှီးဆုံးကို မင်းမပါတော့ ငါ အထီးကျန်
မှာပေါ့လို့ သနားစရာမကောင်းဘူးလား ဟင် "
စိတ်လေတယ်kim jong daeတစ်ယောက်နဲ့
မျက်နှာကိုက ထမင်းခုနစ်ရက်လောက်မစား
ရတဲ့မျက်နှာနဲ့ တတ်လဲတတ်နိုင်ပ။
ဒီပုံအတိုင်းဆို တစ်နေကုန် နားပူတော့မည်
ဆိုတာ သိလိုက်ပါပြီ။မဖြစ်သေးပါ daeပြောသလို baekhyunneက chanyeollieနဲ့
စိတ်ချထားခဲ့နိုင်သားမို့ kim jong daeနဲ့
လိုက်သွားပေးမှပါ။မဟုတ်ရင် လဒလေးက
တစ်နေကုန်နားပူနေတော့မှာ...
" အေးကွာ ခန"
လွယ်အိတ်ထဲမှ ဖုန်းကို ထုတ်လို့ baekhyunneဆီ ဆက်လိုက်လေတော့..
" hello baekhyunne
အင်း ကျွန်တော် ခွင့်တောင်းမလို့လေ
Daeနဲ့Tripကို လိုက်သွားပေးမလို့ အဲ့ဒါ "
"..........."
" အာ ဂျယ်ဂျူ ဒိုလေးတင်ပါ
လိုက်သွားမယ်နော် "
"............"
" ရတယ် ကျွန်တော့်မှာcardပါလာတယ်
ဟိုမှာ ဝယ်ဝတ်လိုက်တော့မယ် အိမ်မပြန်တော့ဘူးလေ "
".............."
" အင်း ဟုတ်တယ် ခနနေသွားရတော့မှာ
မနက်ဖန်ညနေပြန်ရောက်မယ် sarranghae
Baekhyunne,see u "
မျှော်လင့်တကြီးkim jong daeရဲ့
မျက်ဝန်းတွေဟာ ဖုန်းပြောနေစဉ်
တောက်လျှောက်မှာလဲ အရောင်တလဲ့လဲ့~~~
Baekhyunneခွင့်ပြုပေးမှန်း သိသွားသောအခါ
ရုပ်ကြီးက စပ်ဖြီးဖြီးနဲ့ရယ်။ဤသို့နှင့်
မရည်ရွယ်ပါဘဲ ဂျယ်ဂျူ ဒိုကို သွားရဖို့
အကြောင်းဖန်လာပါတော့သည်။
# သို့.....ဂျယ်ဂျူ ဒို
အသင်နဲ့သာတွေ့ဆုံဖို့ အကြောင်းကံ
ဖြစ်မလာခဲ့ရင် အချစ်ကိုရှာတွေ့နိုင်ပါ့မလား?
အချစ်ရဆုံးသူကိုဆုံးရှုံးသွားနိုင်ပါ့မလား?
ဖြေပါ~~~~~~#
~~~~7~~~~
Start from the beginning
