" baek... baekhyun..ne!! "
အိမ်ကထွက်သွားသည့်အတိုင်း ဝတ်စုံနှင့်
Baekhyunneက ရေတွေစိုရွှဲလို့ ဝမ်းဗိုက်ဆီက
သွေးများကလဲ မြင်မကောင်းအောင် အိုင်ထွန်း
နေခဲ့သည်မှာ ရင်နာစရာ။
အခုမှ မြစ်ထဲကနေ ဆယ်ယူရလာသည့်
baekhyunneကိုယ်ဟာ နွေညချမ်းမှာတောင်
အေးစက်နေလေတော့သည်။ပြာနှမ်းနေတဲ့
နှုတ်ခမ်းပါးတို့က တိတ်ဆိတ်နေလွန်းလိုက်တာ။
ဝဲတက်လာတဲ့မျက်ရည် လျှံကျလာတဲ့
ငွေ့ရည်တို့က နှလုံးသားကို လောင်ကျွမ်းစေတဲ့မီးတောက်အလား
ကျွန်တော့်ရင်တွေ နာလိုက်တာ~~
မြက်ခင်းပေါ်ခွေခွေလေးမေ့နေရှာတဲ့
baekhyunneကို chanyeolက ပွေ့ထူ
ဖက်ရင်း ယူကြုံးမရစွာ နာကျင်လွန်းစွာ
အော်ငိုလေရဲ့။
ကျွန်တော်ကတော့ ရပ်မြဲအတိုင်း ရပ်လျက်
လက်မခံနိုင်စွာ ကြောင်နေမိဆဲ။
မဖြစ်နိုင်တာနော်...
အိမ်ပြန်နောက်ကျမယ်လို့ ပြောသွားသူက
ဘာလို့ ဒီရေထဲပြုတ်ကျနေရတာလဲ?
ဘာလို့သွေးအိုင်ထဲနစ်နေရတာလဲ?
တကယ်မဖြစ်နိုင်တာကြီး
နာရီအနည်းငယ်တောင်မခြားသေးတဲ့
ကာလမှာဖြစ်ပျက်သွားတာတွေက
ကြောက်စရာ။
ကျွန်တော့်baekhyunne ဘယ်လောက်
အေးနေလိမ့်မလဲ ဘယ်လောက်ဘဲ နွေရာသီလို့
ပြောပြော ဒီမြစ်ထဲကရေတွေက ဘယ်လောက်
အေးစက်နေလိမ့်မလဲ။ဘယ်လောက်များ
ကြောက်နေခဲ့မလဲနော်
Chanyeolလက်ထဲ ပျော့ခွေနေသည့်
Baekhyunneကို ဆေးရုံကားပေါ် ပြောင်းတင်
တော့မှ အသိနည်းနည်းဝင်လာရသည့်
ကျွန်တော်....
ဆေးရုံကိုလိုက်လာတဲ့ လမ်းတစ်လျှောက်မှာ
ငိုဖို့တောင်မေ့နေသလို အသိစိတ်တွေ
လွတ်ထွက်သွားခဲ့တယ်။အိမ်မက်ဖြစ်ပါစေလို့
ဆုတောင်းရင်း လက်တွေ့မှာ သွေးတွေနဲ့
ခန္ဓာကိုယ်ငယ်ဟာ မျက်စိရှေ့တွင် ငြိမ်သက်လို့
ပေါက်ကွဲဖို့ မျက်ရည်တွေက လည်ချောင်းထဲ
တစ်ဆို့လာခြင်းက ခံရခက်စွာ။
မုန်းတယ်~~~~~~
ကိုယ့်ကိုယ်ကို ကုတ်ဖဲ့ပစ်ချင်တဲ့အထိ မုန်းတယ်
ကျွန်တော်သာ မသွားဖို့ တားခဲ့ရင် baekhyunneက ဒီလိုမဖြစ်လောက်ဘူးမလား?
