~~~~7~~~~

430 65 9
                                        

At Incheon airport,
10:45AM,

လူတွေပျားပန်းခတ်မျှ ရှုပ်ယှတ်ခတ်နေသော
Airportဝန်းထဲ ခပ်ချောချော ကောင်ငယ်လေး
နှစ်ယောက်က သူများထက် ထင်ရှားစွာ
ရှိနေသည်ကအရှိန်အဝါတစ်ခု
ကိန်းဝပ်နေသည့်နှယ်ပေါ်လွင်နေလေရဲ့။

အရပ်၆ပေကျော်ရှိလောက်သည့် မတိမ်းမယိမ်း
အရွယ်ကောင်လေးနှစ်ယောက်သည်
တစ်ယောက်ကဖြူ ဖွေးတဲ့အသားအရည်ကို
ပိုင်ပြီး တစ်ယောက်ကတော့ ခပ်ညိုညိ
အသားအရည်ကိုပိုင်၏။

သို့တိုင် နှစ်ယောက်စလုံး တစ်မျိုးစီ
ခန့်ညားသည်ကတော့ ငြင်းမရသည့်
အမှန်တရားပင်။

Idolလောက်နီးနီး ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့
ထိုလူသားနှစ်ယောက်အား တစ်ချို့ကလဲ
ဘာရယ်မဟုတ် စိတ်ဝင်တစားဖြင့်
အကဲခတ်ကြည့်နေကြပြီး တစ်ချို့ကတော့
သိသိသာသာကို ငေးမော
ကြည့်နေကြလေသည်။

ထိုစဉ် အသားဖြူဖြူ မေးရိုးထင်းထင်းနဲ့
ကောင်ငယ်လေးက ကိုင်ထားတဲ့
လက်ဆွဲအိတ်ကို ပစ်ချရင်း လက်နှစ်ဖက်ကို
ဆန့်တန်းကာ ရေရွတ်မှုတစ်ခုပြုလေ၏။

" Hello koreaaaa!
I miss U "

" အဲ့တော့ koreaမြေက မင်းကို
ဘာပြန်ပြောလဲ?

တကယ်ဘဲ $ရေးမပါတာတွေ
သိပ်လုပ်တယ် oh sehun"

Oh sehunလဲ လက်ကလေးဆန့်လျက်မှ
Feelအပြည့်နဲ့ ပြောနေစဉ် အဖျက်ကောင်ရဲ့
အသံဆိုးကြောင့် feelငုတ်ကာ သွားရလေပြီ။

"Shit kim jong in!!
သောက်မြင်ကပ်အောင် လာဖဲ့မနေစမ်းနဲ့
ငါ့ဘာသာငါ ဘာပြောပြော ဘာလုပ်လုပ်
လိုက်ဂရုစိုက်မနေနဲ့ "

ဂျာမနီကနေ ဒီနေ့မှပြန်ရောက်တဲ့ sehunကား
အလွန်လွန့်မှ ဝမ်းသာလွန်း၍ ဘာရယ်မဟုတ်
Koreaမြေကို ထုံးစံမပျက်
နှုတ်ဆက်လိုက်ခြင်းကို ရေခဲတုံးကြီး
kim jong inရယ်က ကန့်လန့်တိုက်
ပြောလာခြင်းပင်။

စိတ်ပျက်စရာကောင်းလိုက်တဲ့လူသားရယ်ပါ။
ဘယ်လိုလုပ်ပြီး  ဒီလိုကောင်နဲ့ ခင်မင်မိလဲ
စဉ်းစားလို့ကိုမရ။

ကိုယ့်မြေကိုယ့်ရေနဲ့ ငါးနှစ်ကြီးတောင် ခွဲပြီး
ဂျာမနီမှာနေလာရတာကို ခုလို
ပြန်ရောက်လာတာ အနည်းငယ်တော့
စိတ်လှုပ်ရှားမှု ရှိရမည်မဟုတ်လား?

You've reached the end of published parts.

⏰ Last updated: Apr 21, 2018 ⏰

Add this story to your Library to get notified about new parts!

ReflectionWhere stories live. Discover now