Byun baekhyun's point of view...
တိမ်တွေပေါ်မျောလွင့်နေသလိုခံစားချက်...
လေဟာနယ်ထဲ ရွက်လွှင့်နေရသလို ပေါ့ပါးမှုနဲ့
ကျွန်တော် ဘယ်ကိုရောက်နေတာလဲ?
မှိတ်ချထားတဲ့ မျက်ဝန်းတို့ကို လှစ်ဟကြည့်မိ
လေတော့ အပြာရောင် ကောင်းကင်ပြင်က
ကျွန်တော့်အား လှပစွာစီးကြိုလေရဲ့။
လှလိုက်တာလေ ဘေးဖက်စီက တိမ်စိုင်ငွေ့တွေနဲ့ ပြာလဲ့လဲ့မိုးပြာရောင် ပန်းချီခင်းလေး။
စိတ်လွတ်ကိုယ်လွတ်ရယ်မောရင်း ထိုနေရာမှာ
ပြေးလွှားနေမိတယ်။
သိပ်အေးချမ်းပြီး ပျော်စရာကောင်းတယ်။
ဒီနေရာလေးက တကယ့်ကိုအေးချမ်းတယ်။
" သားလေး "
ခပ်တိုးတိုးဆိုပေမဲ့ ပြတ်သားစွာ ကြားလိုက်ရတဲ့
ထိုအသံ ကျွန်တော့်ကို ရည်ရွယ်လေသော
နာမ်စားကြောင့် အသံလာရာဆီ လည်ပြန်ကြည့်
မိတဲ့အခါ အံ့သြဝမ်းသာမှုနဲ့အတူ စီးကျလာလေတဲ့မျက်ရည်။
" မေ..မေ "
လွမ်းဆွတ်စွာ ခေါ်မိလေသော ကျွန်တော့်အသံ
ခပ်ယဲ့ယဲ့အကြား မေမေက ပါးမို့လေး
ဖောင်းတက်လာသည်ထိရယ်ပြလေ၏။
အနှစ်နှစ်အလလက လွမ်းခဲ့ရသော မေမေ့ကို
ဒီနေရာမှာပြန်ဆုံရတာလောက် ပျော်တာမရှိခဲ့။
လက်ကမ်းလို့ ကြိုဆိုလေတဲ့ မေမေ့ထံ အပြေးသွားရင်း ရင်ခွင်နွေးနွေးထဲ တစ်ကိုယ်လုံးကို
နှစ်မြုပ်ထားလိုက်ပါ၏။
နွေးတယ်~~~~
ကျွန်တော့်အတွက်မေမေရဲ့ ရင်ခွင်က
အနွေးဆုံးဘဲ။
" သားလေး မေမေ့ကိုဒီမှာအဖော်ပြုပေးရမဲ့
အချိန်တန်ပြီ "
" ဗျာ "
မေမေ့စကားအဆုံးမှာ ကျွန်တော်အံ့သြတကြီး
ဖြစ်သွားရပါတော့သည်။ ခနနေပါအုံး ခု
ကျွန်တော်ရောက်နေတာ ဘယ်နေရာကြီးပါလိမ့်
" မေမေ့ဆီလာဖို့ သိပ်စောလွန်းနေတယ် ဆိုပေမဲ့ ဒါကိုက သားရဲ့ကံတရားဖြစ်နေတာ "
" ခနလေး သား အခု "
စကားတို့က ရှေ့ဆက်မရ။ဘာတွေဖြစ်သွားသလဲဆိုတာကို အသေအချာ ပြန်တွေးရင်း
ခေါင်းတောင်မူးချင်လာသလိုလို။
