ဧည့်ခန်းsofaပေါ် ခပ်ကုတ်ကုတ်ထိုင်ရင်း
မျက်လွှာကို အောက်ချကာ ဘာသံမှမထွက်ရဲ
ရှာသည့်do kyung sooလေးက ကိုယ့်အပြစ်နဲ့
ကိုယ်မို့ပါလေ။
Baekhyunneကတော့ တစ်ခုခုကို တွေးနေ
ဟန်ဖြင့် တိတ်ဆိတ်စွာ ထိုင်နေမြဲ...
မိနစ်အတော်ကြာတဲ့ထိ baekhyunneဆီက
ဘာသံမှမကြားရတော့ မျက်လွှာပင့်ကြည့်လိုက်
ရင်း
" ho,baekhyunne ကျွန်တော့်ကို မဆူဘူးလားဟင်? "
မရဲတရဲမေးလေသော စကားအဆုံး baekhyunneက ဟူးခနဲသက်ပြင်းချ၏။
ထို့နောက်တော့ kyung sooဘေးနား
ဝင်ထိုင်လာရင်း kyung sooဆံပင်တို့ကို
အသာဖွလေ၏။
" ဘာလို့လဲကလေး ဘာလို့ ကျောင်းပုံမှန်
မတက်တာလဲ?
Baekhyunneသိတယ် အကြောင်းပြချက်
မရှိဘဲတော့ ကလေးဒီလိုလုပ်မှာ မဟုတ်ဘူး
ဆိုတာ
ပြော ကျောင်းမတက်ရတဲ့အကြောင်းကိုပြော
နားလည်ပေးလို့ရလောက်တာဆို
baekhyunneမဆူဘူး "
အစ်ကိုတစ်ယောက်ပီပီ baekhyunneရဲ့
အပြောအဆိုတွေက ရင့်ကျက်စွာ,..
Kyung sooကတော့ ထိုရင့်ကျက်မှုတွေကြား
အသက်ရှူတောင်မဝတော့သလိုပင်။
" ကျွန်တော်ပြောရင် baekhyunneကဆူမှာ "
" humm! "
" အကြောင်းပြချက်ပေးလဲ baekhyunneဆူမှာ
ဘာလို့ဆို အကြောင်းပြချက်ကိုက အဆူခံရမဲ့
အရာဖြစ်နေလို့ "
"Hol!ကလေးက မဟုတ်တာလုပ်တယ်ဆိုရင်
Baekhyunneဆူမှာပေါ့ကွ "
"မဟုတ်တာမလုပ်ဘူး! "
စူးခနဲ အော်ငြင်းသော ကျွန်တော့်စကားအဆုံး
Baekhyunneက ဟက်ခနဲတစ်ချက်မျှ
ရယ်လေ၏။
" ကျွန်တော်ကလေ တကယ်တော့
chanyeollieဆီမှာ
တိုက်ကွမ်ဒိုသွားသင်နေတာ
Baekhyunneကို သင်ပေးပါလို့ပြောတော့
လက်မှမခံတာဘဲ လက်ခံတဲ့ဆီ
သွားသင်တာပေါ့ hont! "
Kyung sooရဲ့ ဖြေရှင်းချက်ကြောင့် တအံ့တသြ
ဖြစ်ရလေသောbyun baekhyunခမျာ
ခေတ္တတော့ ပြောစရာမဲ့သွားရှာပါ၏။
baekhyunသိပါသည်။kyung soo
တိုက်ကွမ်ဒိုသင်ချင်နေတယ်ဆိုတာကိုပေါ့။
