" kyung sooရေ အရမ်းကြီး
ပြေးမနေနဲ့လေကွာ အမောခံနိုင်တာလဲ
မဟုတ်ဘဲ ကလေးရာ "
စိုးရိမ်တကြီး အော်သံတစ်ခုက
Kyung soo၏ နောက်ပါးဆီမှ လွင့်ထွက်လာ
တော့ အသဲပုံနှုတ်ခမ်းလုံးလုံးကို စုချွန်ပြီး
အနည်းငယ်ထော်ထားလိုက်ရင်း
နေရာ၌ ခြေစုံရပ်ချမိလိုက်ရသည်။
လည်ပြန်ငဲ့ကြည့်မိသည့်အခါ ခပ်လှမ်းလှမ်းမှ
အပြုံးနုနုတို့ဖြင့်လှမ်းလာသည့် ချစ်လှစွာသောသူအား မြင်လိုက်ရပါ၏။
သူ~~သူသည်ကား kyung soo၏
ချစ်လှစွာသောအစ်ကို byun baekhyunသာ
ဖြစ်ချေသည်။
မျိုးရိုးမတူသော်ငြား byun baekhyunသည်
Do kyung soo၏အစ်ကိုရင်းတစ်ယောက်လို
ယခုထိရပ်တည်ပေးနေခဲ့သည်မို့ ချစ်လှစွာသောဟုတစ်ဦးတည်းမူပိုင်သတ်မှတ်ပေးခဲ့ခြင်းသာ။
ဟိုးငယ်ငယ် ကလေးဘဝအရွယ်ထဲက kyung sooကိုဆိုအလိုလိုက်ဂရုစိုက်ပေးခဲ့သော
Baekhyunne~~~~
အခုထိလဲ kyung sooကိုဆို သဲသဲလှုပ်ရှာ
တတ်သူbaekhyunneသည်ကား အသက်
အပိုင်းအခြားအရkyung sooထက်
တစ်နှစ်လောက်သာကြီးသော်လည်း
Kyung sooကိုတော့ဖြင့် ကလေးဟုသာ
နာမ်စားသုံးခေါ်ဝေါ်သည်လေ။
တကယ်ကဖြင့် အရပ်ချင်းသိပ်မကွာဘူးရယ်။
Byun baekhyunလား အလွန်ဆုံး
အရပ်မြင့်လှ kyung sooရဲ့
လက်မတစ်ဆစ်စာပေါ့။
အဲ့ဒါကိုဘဲ ဒင်းက သိပ်လူကြီးဖြစ်ချင်ရှာတာ။
ရုပ်လေးကြည့်တော့ဖြင့် ကလေးသာသာ
အိုက်တင်ကဘယ်လောက်smartကျနေပါစေ
ရုပ်နဲ့သာတွဲကြည့်လိုက် ကလေးကိုလူကြီးဆိုဒ်
အတင်းသွင်းထားသလိုဖြစ်ရသည်သာ။
ခက်တယ် ကလေးလို့မခေါ်ပါနဲ့လို့ တားလဲမရ။
မကြိုက်ဘူးဆိုလဲမမှု တကယ်ခက်တယ်။
" aigooဒီနှုတ်ခမ်းက ဘာကိစ္စ
ထော်ရပြန်တာတုန်းကလေးရဲ့ "
" အာ baekhyunneရာ!!
ကျွန်တော်ကလေးမဟုတ်ပါဘူးဆို "
" ဟဟ baekhyunneအတွက်တော့
Kyungက ကလေးဘဲလေ "
"ကျစ် baekhyunneသိလား
ကျွန်တော့်အသက်၂၄နှစ်ရှိပြီဗျ
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့
အရွယ်လဲရောက်ပြီ နေရာတကာ ပူပန်ရမဲ့
ကလေးလေးမဟုတ်တော့ဘူး hump"
