~~~~6~~~~

276 48 5
                                        

At hospital....

"သားငယ် "

" မခေါ်နဲ့ ကျွန်တော်က ခများသားမဟုတ်ဘူး
Mr.Do "

Tangon gangရဲ့leaderကို မျက်နှာညှိုးအောင်
လုပ်နိုင်သူဟာdo kyung sooဆိုတဲ့
ကျွန်တော်မှလွဲ၍မရှိနိုင်ဆိုသည်က
ပြောမပြလဲသိသည့်အမှန်တရားမို့

အခုလဲ ခပ်နွမ်းနွမ်းမျက်နှာဖြင့် do young johnက ကျွန်တော့်အားငေးကြည့်နေရုံသာ
တတ်နိုင်ပုံရလေသည်။

" baekhyunလေးကို ခုလိုဖြစ်စေဖို့
ဖေဖေမရည်ရွယ်ခဲ့ပါဘူး  "

" အခုဖြစ်သွားပြီလေ baekhyunneက
မသေရုံတမယ်ခံစားခဲ့ရပြီးပြီ!!

ဘာလဲ မလုံလောက်သေးဘူးလို့ ခများက
ထင်လို့လား? "

" သားငယ်!!
ဘယ်လိုများပြောလိုက်တာလဲ? "

"ကြားတဲ့အတိုင်းဘဲ "

Sofaပေါ် ခပ်လျောလျောမှီထိုင်လိုက်ရင်း
မျက်နှာကို တစ်ဖက်လွှဲကာ ဘောက်ဆတ်ဆတ်
ဖြေမိပါ၏။

မမြင်ချင်ပါ ဘယ်လောက်ဘဲ စိတ်ရင်းမှန်နဲ့
ပြောနေပါစေ ကျွန်တော်ကတော့ $ပိုလုပ်သည်
ဟုသာမြင်မိပါ၏။ထို့ကြောင့် ကျွန်တော်၏
ဘုကန့်လန့် ခွန်းတုံ့ပြန်မှုအတွက်
ကြိတ်မနိုင်ခဲမရ ပျက်ယွင်းသွားတဲ့
ထိုမျက်နှာကို တကယ်မမြင်ချင်ပါ။

" baekhyunလေးကို သားငယ်ထက်
မပိုတောင် မလျော့တဲ့ချစ်ခြင်းတွေနဲ့
ချစ်ခဲ့တာပါဘဲ ဖေဖေ့စိတ်ထဲ သားအရင်းလို့
သတ်မှတ်ထားတာကို ဘာလို့
အထင်လွဲနေတာလဲ ဟင်

ခုcaseက ဖေဖေ့ရဲ့ပေါ့ဆမှုကြောင့်ဆိုပေမဲ့
Baekhyunလေးဒီလိုဖြစ်သွားရတာနဲ့
ပက်သတ်ပြီး ဖေဖေလဲ ဝမ်းသာနေတာ
မဟုတ်ပါဘူးသားရယ်

သားဘဲချစ်တတ်တာမဟုတ်ဘူးဆိုတာ
သိသင့်တယ် "

HK!
ပြောပါတယ် $ပိုတွေပါလို့။

" ဘယ်အဖေကမှ ကိုယ့်သားဒုက္ခရောက်အောင်
ဒီအလုပ်တွေနဲ့မပက်သတ်ခိုင်းဘူး

ကဲ ပြော ခများဘက်က အဖေတာဝန်
ဘယ်နှစ်ခါကျေဖူးလို့ ခုမှလာပြီး ဆေးရုံစရိတ်
ချေပေးရုံနဲ့ အားနာမိကြောင်းပြရသလဲ

ReflectionWhere stories live. Discover now