At South korea,Han river.
11:40PM.
" သတ်~~လိုက် "
တစ်လုံးချင်း ပြတ်သားစွာ ရေရွတ်လိုက်သော
ထိုစကားသံတို့က ညနက်ထဲ အေးစက်စွာ
လွင့်ပျံနေသည်က ကြက်သီးထဖွယ်ရာ။
ထိုစကားကို အကြောက်အလန့်မရှိပြောနေသူ
ကောင်လေးသည်ကား ဖြူ နုနုပုံစံလေးနဲ့
တစ်စက်မှမလိုက်ဖက်လှစွာ ရဲရင့်လွန်းနေခဲ့၏။
" ဘာကိုစောင့်နေတာလဲ ခများသတ်မယ်ဆို
သတ်လို့ရနေပြီဘဲMr.k
သတ် လိုက် တော့... "
ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ရင်း
ဟန်ပါပါရပ်နေသူကောင်လေးက
သတ်ပါဟု ခနဲ့တဲ့တဲ့ပြောရင်း ရယ်နေပုံက
ကျေနပ်အားရခြင်းအပြည့်ပါဝင်နေခဲ့၏။
Mr.Kဆိုသူသည်ကား ဟက်ခနဲတစ်ချက်မျှ
ရယ်လေရင်း လက်ထဲကိုင်ထားတဲ့
ဓားတိုလေးကို အိပ်ကပ်ထဲ ထည့်လိုက်ကာ
ထိုကောင်လေးနား ချဉ်းကပ်လာပြီး
" မသတ်ရဲဘူးထင်လို့ မိုက်ရူးရဲသလား
ကောင်လေး "
ပြောရင်းမှ မျက်မှောင်တစ်ချက်
ကြုတ်လိုက်သည့်အခါ~~~~
အနည်းငယ်တွန့်သွားသော နဖူးပြင်ဆီမှ
မျဉ်းကွေးတို့သည်ကား ဇရာတစ်ဝက်ပါ
ဒေါသတို့ကြောင့် အရစ်လိုက်ထင်းလျက်ရှိ
နေလေ၏။
သို့တိုင် အသက်ငါးဆယ်အရွယ်ဟု
မထင်ရလောက်အောင် ခန့်ညားလွန်းနေ
သည့်Mr.Kကအနည်းငယ်သော
အရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းနေ
သယောင်ယောင်သွင်ပြင်ရှိလေ၏။
" hk!မထင်ပါဘူး
မထင်ရဲပါဘူးဗျ ဟဟ
Mr.Kက ဒီလောက်လက်ရဲတာ
ကျွန်တော်သိပ်သိတာပေါ့
ခများအတွက် လူတစ်ယောက်ကို
သတ်ရတာလောက်
လွယ်တာမရှိဘူးဆိုတာလဲ သိထားသားဘဲ"
" Opps!! ဟုတ်ပြီ ကောင်လေး
မင်းမှာ ဘာအားကိုးရှိလို့
ငါနဲ့ပြိုင်ဆိုင်ရဲသလဲတော့မသိပေမဲ့ တစ်ခုတော့
သတိပေးထားမယ်
အင်ချွန်းလေဆိပ်ဘက်က
Black Casinoကို မထိနဲ့
အဲ့Casinoက
ငါ့ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ရင်းပြီးတောင်
လိုက်ဝယ်ထားရတဲ့အရာမို့ "
".............."
" ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ ကောင်လေး
နောက်ထပ်မှ ငါသွားမဲ့ လမ်းပေါ်ဝင်ရှုပ်လာရင်
ငါ့အဆိုးမဆိုနဲ့ ok,bye "
ခြိမ်းခြောက်သတိပေးသလို စကားမျိုးပြောရင်း
ကောင်လေး၏ နဖူးပြင်ထက် ခပ်ဝဲဝဲကျနေသည့်
ရွှေဝါရောင်ဆံနွယ်တို့ကို အသာ
သပ်တင်ပေးကာ
သူ၏ကားထဲသို့ ဝင်ရောက်မောင်းနှင်၍
ပြန်ထွက်သွားခဲ့သည့်Mr.Kကြောင့်
ကောင်ငယ်လေးသည် ခပ်မဲ့မဲ့လှောင်ရယ်နေ
တော့သည်မှာ ကျယ်လောင်စွာ။
အေးစက်တဲ့ည၏ လေညှင်းတို့သည် ဟန်မြစ်ကို
ဖြတ်၍ ကောင်ငယ်လေး၏ ရင်တွင်းသို့
ရိုက်ခတ်၏။သို့တိုင် ရင်တွင်းအပူကတော့
ငြိမ်းမသွားခဲ့ပါ။
" တစ်ခုတော့ ရှင်းသွားနိုင်ခဲ့ပြီဘဲ ဟူးးး
Sorryဘဲ Mr.K,
Tangon Gangအတွက်
အနှောင့်အယှက်ဖြစ်တဲ့ ခများကို
ကျွန်တော်အလွတ်မပေးနိုင်ဘူး
တွေ့ကြသေးတာပေါ့ "
အံကြိတ်ကာရေရွတ်လိုက်ရင်း အိတ်ကပ်ထဲက
ဖုန်းကိုဆွဲထုတ်ကာ နံပါတ်အချို့ကိုနှိပ်လိုက်၏။
" Plan1,mission complete Sir.
YH barကိုရဖို့ လက်ဦးမှုယူနိုင်ခဲ့ပါပြီ "
#Kaisoo forever💓
#kaisoo is more than real 💕
AN:plotရတုန်းလေး ချရေးထားရုံသာဖြစ်ပြီး
ဘယ်ficမှ အပ်ဒိတ်မှန်မမှန် အာမခံမယ်
မဟုတ်ပါ😙😙
ရနာအူးလေးက အရင်wattpad
acc passwardမေ့သွားထဲက စာဆက်မရေး
တော့ဘူးလို့ တွေးထားပေမဲ့လဲ ခုလိုလေး
Plotရတုန်းရခိုက် ပြန်ရေးဖြစ်သွားပါတယ်လို့။
ဖတ်မဲ့သူတစ်ယောက်ဘဲရှိရင်တောင်မှ
အဲ့တစ်ယောက်ထဲအတွက် ရေးပေးသွားမှာပါ။
Our relationship isလိုမျိုးတော့ဆွိချင်ပေမဲ့ moodမဝင်တာမို့ ဒီဟာလေးတွေကိုဘဲ
ကြိုးစားရေးသွားပါ့မယ်😇
မပြောတတ်ဘူးလေ sweetလေးလဲ ရေးဖြစ်ချင်
ရေးဖြစ်နိုင်တာဘဲကိုနော့်😂
Ok.
ANကတော်တော်ရှည်သွားခဲ့ပြီ။
ပြောချင်တာကတော့ ဒီaccမှာဘဲ စာဆက်ရေး
ပါ့မယ်လို့ပေါ့ဗျာ😙😙😙
