~~~~3~~~~(He is B.B.H)

315 44 2
                                        

" chanyeollieကလဲဗျာ အခြေခံ
သင်ပေးပြီးတာနဲ့ဘဲ ပြီးရောလားဗျ

Baekhyunneဆူတာနဲ့ဘဲ
အချိုးကပြောင်းသွားတာကြည့် "

" ဟောဗျာ ခများလေးရဲ့အစ်ကိုက
ဆူရုံလောက်ဘဲဆိုမပြောပါဘူး

ခုက တစ်ပြန်ကြီး ကောက်သွားသေးတာကို "

" hont! ခနလေးပြန်ချော့လိုက်ရတာဘဲကို "

" မရလို့ပေါ့ kyung sooရဲ့
အခုကောက်တာကြီးက ဘယ်လိုမှချော့မရလို့

ကိုယ့်ကို စကားတောင် မပြောတော့ဘူး
ထပ်မသင်ပေးတော့ဘူးဆိုတဲ့ကတိပေးထားလို့
တော်တော့တယ် "

ခေါင်းတခါခါ လက်တစ်ခါခါနဲ့ရှင်းပြနေတဲ့
Chanyeollieကို ကြည့်ပြီး kyung soo
စိတ်ပျက်စွာ စုပ်သပ်လိုက်မိတယ်။

Baekhyunneကို သိပ်ချစ်လွန်းတဲ့
Chanyeollieကိုလဲ အပြစ်မတင်ရက်။

Kyung sooကို စိုးရိမ်လွန်တဲ့
Baekhyunneကိုလဲအပြစ်မဆိုသာ

ခက်တယ် do kyung sooလေးက
အခြေခံဘဲသင်လိုက်ရတာ ခက်တယ်။

" baekhyunneလို့ အဲ့လိုကြီးမလုပ်နဲ့လေဗျာ
ကျွန်တော်ကျောင်းလဲပုံမှန်တက်မယ်လေနော်"

" မရဘူးကလေး ကျောင်းစာကအရေးကြီးတယ်
တိုက်ကွမ်ဒိုကအခြေခံရနေပြီဘဲ

စာကို အာရုံစိုက်စမ်းkyung sooလေး "

" hont! Baekhyunneကြီးက
နေရာတကာ စိတ်ပူနေလိုက်တာ "

နှုတ်ခမ်းကို စူထော်ထားရင်း စိတ်ကောက်
သယောင် ပြုမူလေတော့ baekhyunneက
ဟင်းခနဲသက်ပြင်းချပြီး chanyeollieကတော့
တခွိခွိရယ်နေရှာလေသည်။

ဒီနှစ်ယောက်ကြား ကျွန်တော်do kyung sooဟာ ဘယ်တော့မှအရွယ်မရောက်လာတဲ့
ကလေးသာသာဖြစ်ရသည်ချည်းသာ....

Beep~~Beep~~~beep...

" messageလာနေတယ်လေ baby "

" hummp! အော့အော့တွေ "

Baekhyunဆီမှ messageဝင်သံကြောင့်
Chanyeolက သတိပေးလိုက်သည်ကို
do kyung sooဟာ အန်ချင်ဟန်ပြ၏။

ဒုက္ခဘဲ ဒီကောင်လေးနှယ် baekhyunကို
Babyလို့ခေါ်တာကို အခုထိ အဆန်းတကြယ်
ဖြစ်လို့မဆုံးသေးတာ။

ReflectionWhere stories live. Discover now