ခုတော့ ဘာမှမဖြစ်သလို အေးတိအေးစက်နဲ့
အဲ့ဒါတွေ ကြည့်မရတာ။
" ငါ့ကို စိတ်ထဲကနေ ကျိန်ဆဲတာတွေ
ရပ်ပြီး ကားဆီအမြန်သွားရင်
ကောင်းမယ်sehun
Tanရောက်နေတာကြာပြီတဲ့ "
" သွားမှာပေါ့ မင်းဘာသာရပ်ပြီး
ငါ့ကို လာဖဲ့နေတာမဟုတ်ဘူးလား?
ရုပ်ကိုက ရေခဲတုံးရုပ်နဲ့ "
Sehun၏ ဂျစ်ကန်ကန် မဟုတ်သေး
ကလေးဆန်ဆန်အပြောကို မည်သည့်
တုံ့ပြန်မှုမှမလုပ်ပါဘဲ ရှေ့ကနေ
အရင်ထွက်လာခဲ့လိုက်တော့ နောက်ပါးဆီက oh sehunရဲ့ ပွစိပွစိပြောသံက
ကပ်ပါလာပါသေးသည်။
မတတ်နိုင် kim jong inဆိုသည်ကလဲ
မျက်နှာသေနဲ့ဘဲ ပြောဆိုတတ်တော့
ဘယ်လိုနည်းနဲ့မှ ချိုသာခြင်းအမှု ပြု၍မရ။
ထို့ကြောင့်လဲ ဘယ်လောက်ဘဲခင်ပါတယ်
ပြောပြော oh sehunနဲ့ အမြဲတမ်းနီးပါး
ပြသနာတက်ရတာပင်။
" သခင်လေး ဆရာက ဒီနေ့ညနေ
ဂျယ်ဂျူ ဒိုဘက် သွားရဖို့ရှိတယ်လို့
မှာလိုက်ပါတယ် "
" အင်း "
" စပြီ ခုဘဲရောက်တာကို နားချိန်တောင်
မပေးဘူး အလုပ်ခိုင်းတော့မယ်
ဒီမယ်Tan ဆရာ့ကို မပြောဘူးလား
ငါတို့ခုမှရောက်တာမို့ နားခိုင်းပါဘာညာပေါ့ "
ကားပေါ်ရောက်ရောက်ချင်း အမောဆို့အောင်
Tanဆိုတဲ့ကောင်လေးရဲ့ အပြောကြောင့်
Oh sehunက မျက်နှာတစ်ခုလုံး ရှုံ့မဲ့စွာ
ညည်းညူ ပါသော်လည်း kim jong inကတော့
အင်းတစ်လုံးဖြင့် ကိစ္စပြီးလေ၏။
" ကျွန်တော့်မှာ အဲ့လို အထွန့်တက် ပြောပိုင်ခွင့်
မရှိပါဘူး ohသခင်လေး "
" အေးပါကွာ ငါက စကားအဖြစ်ပြောတာပါ"
Sehunတို့ရဲ့ စကားဝိုင်းထဲ ယောင်၍တောင်
ဝင်မလာသည့်kim jong inက
ကားမှန်တံခါးဘက် ခေါင်းမှီရင်း အိပ်နေ
လေပုံက ပိတ်ရိုက်ချင်စရာ။
ဘာကိုမှ အရေးစိုက်ပုံမရသော သူ့ပုံစံက
ခပ်အေးအေးသာ။
ဤသည်ကိုကြည့်ရင်း sehunစိတ်ထဲ
ခပ်ချဉ်ချဉ်ဖြစ်လာရ၏။ထို့ကြောင့်...
" သိလားTan မင်းတို့ရဲ့ သခင်လေးက
$ဆရာကြီးဂိုဒ် သိပ်ဖမ်းတာ "
~~~~7~~~~
Comenzar desde el principio
