' ဒီကိတ်လုပ်တဲ့သူလား?'

ထိုဧည့်သည်က ခပ်ပြုံးပြုံးနဲ့အမေးဆိုသည်။ တော်သေးတာပေါ့ ကိုရီးယားလို့ပြောတတ်သားပဲ နို့မို့ဆို အရှက်ကွဲအုံးမှာ..

"ဟုတ်ကဲ့''

'အချိန်ရလား ကျနော်စကားနည်းနည်းလောက်ပြောချင်လို့'

"ဟုတ်ကဲ့ ''

'ထိုင်ပါအုံး'

သူညွှန်ပြတဲ့ သူနဲ့မျက်နှာချင်းဆိုင်ခုန်မှာဝင်ထိုင်လိုက်တယ်။

'ကျနော်နာမည် James ကိုရီးယားပြင်သစ် ကပြားပါ နေတာတော့ Frenceမှာနေတယ် ခင်ဗျားနာမည်က..'

"Byun Baekhyunပါ''

'ဟုတ်ကဲ့ Baekhyun...  ကျနော်က Frenceမှာ délicieux(delicious) ဆိုတဲ့ ကိတ်ဆိုင်တော်တော်များများဖွင့်ထားတယ်..ခု ကိုရီးယားဘက်မှာ ဆိုင်ခွဲဖွင့်ချင်လို့ အဆင်ပြေမယ်ဆို Baekhyun ကိုကမ်းလှမ်းချင်လို့ '
'Baekhyun ဘက်ကလက်ခံမယ်ဆိုရင် Frenceမှာ သင်တန်းတက်ပီး အတွေ့အကြုံယူရမယ်... ကျနော်တို့ဆီကထွက်တဲ့ ကိတ်အရသာနဲ့နီးစပ်အောင် သင်ယူရမယ်ပေါ့...Baekhyun ဘက်ကအဖက်ဖက်ပြည့်စုံပီဆိုရင် ဒီကိုရီးယားမှာဆိုင်ခွဲဖွင့်ပီး ဦးစီးရမယ်... နောက်ပိုင်း Baekhyun တစ်ဦးတည်းအပိုင်ဖြစ်ချင်လည်း ကျနော်တို့ ညှိနှိုင်းပေးမယ် ဆိုင်နာမည်တော့ ကျနော်တို့နာမည်ထားရမယ်ပေါ့... Baekhyun ကတော်ပီးသားသူဆိုတော့ နည်းနည်းလောက်သင်လိုက်ရင် စံချိန်ပြည့်မှီသွားမှာ...'

James ကရေတစ်ငုံသောက်ရင်း အကဲခတ်နေသည်။

"ဟုတ်ကဲ့ ကျနော်စဉ်းစားချင်သေးတယ်''

'ဒါပေါ့ စဉ်းစားရမှာပေါ့ ဒီလိပ်စာကဒ်ထဲမှာ ကျနော်တို့ official website ပါတယ် Baekhyun ကြည့်ကြည့်ပေါ့ Baekhyunဘက်ကသေချာရင် ကျနော်ကို ဆယ်ရက်အတွင်း အကြောင်းပြန်စေချင်တယ်...နောက်ဆယ်ရက်နေရင် ကျနော်ပြန်တော့မှာ မပြန်ခင်တိတိကျကျအဖြေတစ်ခုပေးပေးပါ Baekhyun'

လက်ထဲကလိပ်စာကဒ်လေးကိုကြည့်ရင်းအတွေးများနေမိသည်။ ရတောင့်ရခဲအခွင့်အရေးဆိုတာလည်းသိသည်။ websiteဝင်ကြည့်တော့လည်း အခိုင်အမာရပ်တည်နေတာ သိသာသည်။ Xiumin Hyung နဲ့တိုင်ပင်ကြည့်တော့ Xiumin Hyungကအားပေးသည်။ ကျနော့်အိမ်မက်က ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်ဖို့ ကျနော်ငွေစုမိတဲ့အချိန်မှ ဖွင့်မယ်ဆို အချိန်တော်တော်ယူရအုံးမယ်။

Official [Completed] (Zawgyi + Unicode)Where stories live. Discover now