1

6.3K 386 12
                                    

သိပ်ကို ဆန်းကြယ်တဲ့ဖြစ်ရပ်တွေပဲ အကို
ဆာကူရာပင်အောက် အကိုတစ်ယောက် ရပ်နေချိန်
ငုဝါပင်အောက်က ညီမ အလိုလို ပြုံးနေမိတာမျိုး။

ဖြစ်နိုင်ရင်
ဆာကူရာတွေလည်း ကြွေတတ်တာပဲလို့ ပြောရင်း
အဲ့ဒီ့ ကုတ်အကျင်္ ီအညိုရောင်ထဲ တိုးဝင်ချင်မိပါတယ်။
ဖြစ်နိုင်ရင်ပေါ့လေ

သိပ်ချစ်တာပဲလို့ ခပ်တိုးတိုးညည်းရင်း မှုတ်ထုတ်လိုက်တဲ့
ပွင့်ဖတ်ကြွေလေးဟာ အကိုရှိရာအရပ်ကို
မရောက်နိုင်မှန်း ညီမသိတာပေါ့။

ဆာကူရာတွေရယ် အကိုရယ်
နှစ်ခုစလုံးက ညီမ စိတ်ကူးနဲ့ပဲ
အလည်လာခွင့်ရှိတဲ့ ကောင်းကင်ဘုံတွေပါပဲ

*ဒါကို
ညီမကလွဲရင် တစ်ကမ႓ာလုံးကို
ခေါင်းထဲထည့်ထားတဲ့အကို သိဖို့ကောင်းတယ်
မသိတာလည်း ကောင်းပါတယ်*

အကို့မှာ ဆာကူရာရှိတယ်
ညီမမှာ အကိုရှိတယ်
ဆာကူရာကို ချစ်တဲ့အကြောင်းတွေ အကိုပြောမယ်
အကို့ကို ချစ်တဲ့အကြောင်းတွေ ညီမက ပြောမယ်။
ဒီလိုနဲ့
အကိုရယ်၊ ညီမရယ်၊ ဆာကူရာတွေရယ်
တစ်ကမ႓ာထဲ အတူရှိနေကြတယ်။
ဒါကို ပျော်လားမေးရင် ညီမ ပျော်တယ်လို့ပဲဖြေမယ်။
စိတ်ညစ်စရာသောကမရှိတာကို ပျော်တယ်လို့ သတ်မှတ်ရင်
ညီမ ပျော်နေတာပဲပေါ့။

မေတ္တာဆိုတာ အသွားအပြန်ရှိတယ်တဲ့ အကို
အကွာအဝေးတစ်ခုအတွင်းမှာဆိုရင်ပေါ့
ညီမရှိတဲ့အရပ်က မိုးကုပ်စက်ဝိုင်း အပြင်ဘက်မှာ ထင်ပါတယ်

အကို့ကို ညီမချစ်တယ်ဆိုတာ
အကို ညီမကိုပြန်ချစ်ရမယ်လို့မှ မဟုတ်တာ
ဒီတိုင်းလေးပဲ ... အကို ဆာကူရာတွေကိုငေးကြည့်နေသလိုမျိုးလေး

အကို သိပ်ဉာဏ်ကောင်းရင်တော့ မှတ်မိမှာပါ
ညီမအိပ်မက်တွေထဲ ရံဖန်ရံခါ အလည်လာဖူးတယ်မို့လား
တစ်ခါမှ ဆုပ်ကိုင်ခွင့်မရရှိဖူးတဲ့
လက်ဖဝါးတစ်ဖက်ရဲ့ သွေးကြောလေးတွေကအစ
အလွတ်ရနေတာလည်း ညီမရဲ့ ဝဋ်နာကံနာပါပဲ။

နောင်ဘဝသာ တကယ်ရှိရင်
ညီမတော့ အကိုချစ်တဲ့ဆာကူရာပန်းလေးအဖြစ်
ပြန်ဝင်စားဖို့ ဆုတောင်းတယ်
အကို့ရင်ထဲမှာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်
ညီမအတွက် အချစ်တွေရှိပေးမယ်မို့လား။
ညီမကြွေတဲ့အခါ လှလိုက်တာလို့ အကို ပြောမယ်
ဆာကူရာတွေ ကြွေခါနီးရင် စကားပြောတယ်တဲ့ အကို
*တစ်နေ့နေ့ကျ အကို့နာမည်ကို တကျော်ကျော်အော်ရင်း
ကြွေကျမယ့် ဆာကူရာတွေကို တွေ့ပါစေ
ညီမကိုလည်း တွေ့ပါစေ*

ချစ်ခြင်းမေတ္တာတွေကို တိမ်တွေပေါ်ပစ်တင်လိုက်တယ်
အကိုချစ်တဲ့ ဆာကူရာပင်အပေါ်
မိုးစက်ကလေးတွေအဖြစ်ရွာချပါစေကွယ်

ဒီဘဝမှာတော့ ညီမ ဒီလာက်လေးပဲ တတ်နိုင်တယ်။






*ပြထားသောနေရာများသည် ဆရာခွန်းညိုသွေး၏ စာသားများအားမှီငြမ်းထားခြင်းဖြစ်ပါသည်။

အေဝးႀကီးက ေရးတ့ဲစာWhere stories live. Discover now