19

9K 1K 53
                                    

"Kim Taehyung?"

"Jimin ဘယ်​သွားမလို့လဲ "

ရုတ်​ချည်းဆိုသလို Kim Taehyungရဲ့နာမည်​ကို​ခေါ်ပြီး Jiminအခန်းထဲက ကမူးရှူးထိုး​ပြေးထွက်​သွား​လေသည်​။

"Park Jimin! "

Jungkook​ရော HoonSi​ရော​မေး​နေတာကို တခွန်းမှပြန်​မ​ဖြေဘဲ ဝရုန်းသုန်းကားထွက်​သွားတဲ့ Jimin​နောက်​ကို Jungkook အ​ပြေးလိုက်​ခဲ့လိုက်​သည်​။

"Jimin ဘယ်​ကိုလဲ "

"Taxi Taxi"

Jiminက​တော့ ဘာကိုမှပြန်​လှည့်​မကြည့်​တော့ဘဲ Taxiတစ်​စီး​ပေါ်အမြန်​တက်​ထိုင်​ကာ ထွက်​သွား​တော့သည်​။

"Jimin!"

ဟာကွာ ဒီပုံစံနဲ့ ဒီ​ကောင်​လေး ဘယ်​ကိုသွားဖို့စဉ်းစား​နေတာလဲ။ Jungkookလည်း ဘာမှစဉ်းစားမ​နေ​တော့ဘဲ ကားပါကင်​ကိုအမြန်​သွားကာ ဝုန်းဒိုင်းကြဲထွက်​လာခဲ့သည်​။

​သေချာ​ပေါက်​Mochiဟာ Kim Taehyungဆီကိုသွားမှာမဟုတ်​ပါလား။

"ကျွီ..."

ကားရပ်​သွားသည်​နှင့်​ ပိုက်​ဆံအများအပြားထုတ်​ပေးလိုက်​ပြီး ကား​ပေါ်ကJimin​ဆင်းလိုက်​သည်​။

"BigHit Entertainment"

သူ့​ခြေလှမ်း​တွေစတင်​ခဲ့တဲ့ အ​ဆောက်​အဦရဲ့နာမည်​ကို နာနာကျင်​ကျင်​ရေရွတ်​လိုက်​ပြီး တိုက်​ထဲဝင်​ခဲ့လိုက်​သည်​။

"ဟင်​ Park Jimin shi"

"Kim Taehyungဘယ်​မှာလဲ"

အနားက staff​လေးကို​မေးလိုက်​တော့

"ဟို​ ခေါင်​မိုးထပ်​ကိုတက်​သွားတာ​တွေ့လိုက်​ပါတယ်​"

​ခေါင်းတချက်​သာငြိမ့်​ပြလိုက်​ပြီး​ ခေါင်​မိုးထပ်​ကိုတက်​ခဲ့လိုက်​သည်​။ လက်​ထဲမှာ​တော့ Diaryစာအုပ်​လေးတစ်​အုပ်​ကို ကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ထားမိသည်​။

အားလုံးကိုသိ​နေခဲ့တာလား Kim Taehyung?
မင်းက ရှင်းအို​ဝေါဆိုတဲ့မိန်းမနဲ့ ဘယ်​လို​တွေပတ်​သတ်​နေတာလဲ?

​တွေ့လိုက်​ရပါပြီ။​ခေါင်​မိုးထပ်​က​ခုံတန်း​လေး​ပေါ်မှာ​ကျော​ပေးထိုင်​နေသူကြီး။ ဘာမှကို မသိတဲ့လူတစ်​ယောက်​လို​ပေါ့။

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Where stories live. Discover now