17

9.9K 1.2K 42
                                    

"Mochi..."

နူးညံ့သိမ်​မွေ့စွာ​ခေါ်လိုက်​တဲ့ အသံတစ်​ခုအဆုံးမှာ ခပ်​မှေး​မှေးမျက်​လုံးညို​တွေနဲ့​ကောင်​လေးက မျက်​စောင်းထိုးလှည့်ကြည့်​လာသည်​။

"ချစ်​တယ်​Mochi ကိုယ်​ မင်းကိုသိပ်​ကိုချစ်တယ်​"

အချစ်​ရဲ့သ​င်္ကေတဖြစ်​သော အနမ်းပွင့်​လေး​တွေက ချစ်​ရသူရဲ့ ပန်းနု​ရောင်​ပါးပြင်​လေး​ပေါ်ကို တဟုန်​ထိုးကျဆင်းလာခဲ့သည်​။ စက္ကန့်​မလပ်​အနမ်း​တွေ​ခြွေ​နေရင်းက သူ့လက်​တွေဟာ​ လေဟာနယ်​ကိုဖမ်းကိုင်​ထားသလိုခံစားလိုက်​မိသည်​။

ထို့​နောက်​....သူ...သူ​ပေါ်လာခဲ့တယ်​။

"သိပ်​ကို​ပျော်​နေတယ်​လား Jeon Jungkook သိပ်​ကိုချစ်​တတ်​နေတာ​ပေါ့​လေ ကောင်းပြီ မကြာခင်​မှာ ငါ​ပေးမဲ့လက်​ဆောင်​ကိုလက်​ခံဖို့သာပြင်​ထား"

"ဟင့်​အင်း မဟုတ်​ဘူး ထွက်​သွား ....ထွက်​သွား!"

တဆတ်​ဆတ်​တုန်​နေ​သော ရင်​ခုန်​သံနဲ့အတူ အိပ်​ရာထက်​မှ​ ငေါက်​ခနဲထထိုင်​လိုက်​သည်​။ ​ချွေး​စေး​ချွေး​ပေါက်​တို့သည်​လည်း အတားအဆီးအပိတ်​အဆို့မှထွက်​ပြေးလွတ်​မြောက်​လာသည့်​နှယ်​။

"အားးး!"

အာ​ခေါင်​ကိုခြစ်​ကာ​အော်​လိုက်​သော သူ့အသံသည်​ညဉ့်​အ​မှောင်​ကို ဖြိုခွင်းသွားခဲ့​လေသည်​။ မဟုတ်​ဘူး ငါဘာမှမသိဘူး​ ကျေးဇူးပြုပြီးငါ့ကိုလွတ်​မြောက်​ခွင့်​ပေးကြပါ။

Mochi...mochiက​ရော!

ကုတင်​ပေါ်က​နေ ခလုတ်​တိုက်​လဲမတတ်​ဆင်းလိုက်​ပြီး ကမှူးရှူးထိုးနဲ့ကား​သော့ကိုဆွဲယူကာ ထွက်​ခဲ့လိုက်​သည်​။

ညဉ့်​အ​မှောင်​ကိုဖြိုဖျက်​ရန်​အလို့ဌာ ထွန်းထားတဲ့မာကျူရီမီးသီး​တွေရဲ့​အောက်​မှာ အနက်​ရောင်​တောက်​နေ​သောကားတစ်​စင်းသည်​ တ​နေရာကိုသာဦးတည်​လျက်​။

"တင်းတောင် တင်းတောင်"

ပိုးတိုးလုံးသဖွယ်​ စောင်​တွေကြားမှာ​ကွေး​ကောက်​ကာအိပ်​နေတဲ့Jiminခမျာ​ ခေါင်း​လောင်းသံ​ကြောင့်​ လူးမရလွန့်​မရနဲ့ဖြစ်​နေသည်​။

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Hikayelerin yaşadığı yer. Şimdi keşfedin