13

10.6K 1.2K 82
                                    

"Jimin ah!"

"Taehyung"

"ဟိုတစ်​ယောက်​က​ရော ဘယ်​ရောက်​သွားတာလဲ ဘာလို့တစ်​ယောက်​တည်း​ရပ်​နေတာလဲ?"

Taehyungအ​မေးကို သူမ​ဖြေ​သေးဘဲ​ရှေ့ဆက်​လျှောက်​လာခဲ့​တော့ Taehyungက​ဘေးက​နေ ကပ်​ပါလိုက်​လာသည်​။

"​ရေ​ပေး "

"​အော်​ အင်း...ဒီမှာ"

Taehyungလှမ်း​ပေးတဲ့​ရေဗူးကို တကျိုက်​မော့​သောက်​လိုက်​ပြီး

"ဟူး...အခုမှ အ​မော​ပြေသွားတယ်​ ငါတို့ဟိုဘက်​မှာ ဓာတ်​ပုံသွားရိုက်​ကြမယ်​ လာ"

Jiminက သူ့လက်​ကိုဆွဲကာ​ အတင်း​ပြေးထွက်သည်​။ဘာလို့ သူ့​မေးခွန်းကိုပြန်​မ​ဖြေတာလဲ?။ ​တော်​ပါ​လေ​ လော​လောဆယ်​Minကို ဒုက္ခမ​ပေးမိတာအ​ကောင်းဆုံးဖြစ်​ပါလိမ့်​မယ်​။

ပြုံး​ပျော်​နေဆဲ Minဟာ ဟန်​ဆောင်​နေသလားဆိုတာ​တော့ ကျွန်​တော်​လည်းမသိနိုင်​ပါ။

.....


"Hello"

" noona"

"ဟင်​ Jungkook..မော​င်​လေး"

အသံကြားမှ ဖုန်းနံပါတ်ကိုပြန်​ကြည့်​လိုက်​သည်​။ ဒါ သူ့​မောင်​ရဲ့ဖုန်းမှမဟုတ်​တာပဲ။

"Jungkook ဘာလို့လဲ ပြန်​လာ​တော့မလို့လား noona လေယာဥ်စီစဉ်​ပေးမယ်​လေ"

တဖက်​ကမပြီး​သေးတဲ့ အလုပ်​လုပ်​ရင်း Jungkookကို​ပြောလိုက်​သည်​။

"မဟုတ်​ပါဘူး"

"ဒါဖြင့်​ဘာလဲ မိန်းမတန်းယူဖို့ခွင့်​တောင်းတာလား?"

"မဟုတ်​ပါဘူး"

သက်​ပြင်းချသံတိုးတိုးနဲ့အတူ Jungkookအသံ​တွေက​လေးလံ​နေသည်​။

"ဘာဖြစ်​လို့လဲ​မောင်​လေး ဘာလိုချင်​တာလဲ​ပြော​လေ"

​မေးသာ​မေးရတယ်​ သူမအ​နေနဲ့ ဖြစ်​နိုင်​ရင်​ချက်​ချင်းပင်​ ဂျပန်​ကိုလိုက်​သွားနိုင်​ရင်​လည်း​အ​ကောင်းသား။ ဒီ​ကောင်​လေးရဲ့အ​ခြေအ​နေကို ရိပ်မိသလိုပင်။

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Where stories live. Discover now