3

10.7K 1.4K 62
                                    

မျက်​စိ​ရှေ့က ကြီးမားလှတဲ့အ​ဆောက်​အအုံကြီးကို​မော့ကြည့်​လိုက်​ပြီး လွယ်​ထားတဲ့အိတ်​ကြိုးကို ခပ်​တင်းတင်းဖိကိုင်​လိုက်​သည်​။

ဒီတစ်​ခေါက်​auditionကို​တော့ ရ​အောင်​ဖြေမည်​ဟု သူ့စိတ်​ထဲမှာ ဆုံးဖြတ်​ထားသည်​။

"Park Jimin မင်းလုပ်​နိုင်​ပါတယ်​ ဟုတ်တယ်"

ကိုယ့်​ကိုကိုယ်​အား​ပေးလိုက်​ပြီး​ ပထမခြေလှမ်းကိုစတင်​လိုက်​သည်​။ ဆုံလည်​တံခါးကြီးကိုဖြတ်​ပြီးသွားတဲ့​နောက်​မှာ​တော့ အမျိုးစုံ​သောလူ​တွေကို​ တွေ့ရ​လေသည်​။

​စော​စောက အားတင်းထားပြီးမှ အခုကျ​ခြေ​တွေလက်​တွေပါတုန်​လာသလို။

"စိတ်​လျှော့ Jimin စိတ်​လျှော့"

​လေပူ​တွေကို အပြစ်​မဲ့တဲ့ နဖူး​ပေါ်ကဆံပင်​ဝဲဝဲ​တွေဆီ မှုတ်​ထုတ်​ပြီး သက်​ဆိုင်​ရာ​နေရာကို​ လျှောက်​ခဲ့လိုက်​သည်​။

သူအခုဝင်​ဖြေမှာက Seagull Entရဲ့ အခွဲတစ်​ခုဖြစ်​တဲ့ Entပင်​ဖြစ်​သည်​။ အမျိုးစုံ​သော Ent​တွေထဲကမှ ဒီEntကို​ရွေးရခြင်းသည်​ လူတစ်​ဦးတစ်​ယောက်​ရဲ့ တွန်းအား​တွေ​ကြောင့်​လို့ပဲ​ပြောရမလား။

"Jimin မင်း BigHit Entမှာဝင်​ပြိုင်​ပါလား သူကSeagull ရဲ့အခွဲတစ်​ခုပဲ​ ထောင်​တာမကြာ​သေးဘူး Audition​ခေါ်​နေတယ်​လို့ကြားတယ် သွား​ဖြေပါ့လား "

Hoseok Hyungရဲ့အကြံဥာဏ်​နဲ့အတူ မင်းသားနဲ့အနည်းဆုံးနီးစပ်​စေချင်​တာ​ကြောင့်​ ယခင်​ဖြေရန်​လုပ်​ထားတဲ့Entအစား Bighitကို​ရွေးချယ်​လိုက်​သည်​။

"ဒီ​အခန်းပဲ ဟုတ်​တယ်​Jimin မင်းလုပ်​နိုင်​တယ်​"

ခန်းမကြီးရဲ့တံခါးကိုဖွင့်​ရန်​ Jiminလက်​ရွယ်​လိုက်​တော့ မထင်​မှတ်​စွာဘဲ လူတစ်​ယောက်​ကဝင်​တိုက်​လေသည်​။

"အ"

ထိုလူကလည်း သူ့နည်းတူခန်းမထဲဝင်​မည်​ထင်​ပါရဲ့ အ​မောတ​ကောနဲ့ သူ့ကိုမ​ရှောင်​နိုင်​စွာဝင်​တိုက်​ခြင်းသာ။

"​တောင်းပန်​ပါတယ်​ ကျ​နော်​လောသွားလို့ပါ"

"ရပါတယ်​"

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Место, где живут истории. Откройте их для себя