14

10.8K 1.2K 71
                                    

"ရူးတော့မှာပဲ"

Jiminတစ်​ယောက်​တည်း​အော်​ဟစ်​လိုက်​ပြီး အိပ်​ရာက​နေလူးလဲထလိုက်​သည်​။

"ရူး​နေလား ရူး​နေလား ဘာကိစ္စတကယ်​မဟုတ်​ဘဲ Dating Confirmကြတာလဲ"

တစ်​ယောက်​တည်းကုတင်​ပေါ်မှာ ငုတ်​တုတ်​ကြီးစကား​ပြော​နေ​သောသူ့အား တခြားလူသာမြင်​ရင်​ ခေါင်းထိသွားပြီလို့ထင်​မှာမလွဲ​ပေ။

"ဟီးဟီးဟီး..."

​ဟော ကြည့်​ အခုရယ်​ပြန်​ပြီ။ ရူးများ​နေပြီလားPark Jiminရေ။

"​ဒါဖြင့်​ ငါထင်​ထားသလို သူတို့ကတကယ်​အတွဲမဟုတ်​ဘူး​ပေါ့ ဟူး​ တော်​ပါ​သေးရဲ့..."

ရင်​ဘတ်​ကိုဖိကာ ကိုယ်​တစ်​ပိုင်းဖုံး​နေ​သော​စောင်​ကိုပါဆွဲယူလိုက်​ပြီး အိပ်​ရာ​ပေါ်ဘုန်းခနဲ ပြန်​လှဲချလိုက်​သည်​။

"ထွက်​သွားစမ်း ဘာပဲဖြစ်​ဖြစ်​ ပရိသတ်​တွေကိုလိမ်​တာပဲ​သေ​တောင်​ပြန်​မချစ်​ဘူး Jeon Jungkook"

​စောင်​ခေါင်းမြီးခြုံကာ ဟိုကန်​ဒီကန်​နဲ့လူးလိမ့်​နေ​သော​ကောင်​လေးရဲ့ပုံစံကိုသာမြင်​ခဲ့ရင်​ Jeon Jungkookဘယ်​လို​နေမလဲသိချင်​မိပါသည်​။

......

"ဟင်​ Joon?"

​ထောင့်​ကွယ်​ကလူရိပ်​ကြောင့်​ Si​ဘေးကပ်​လိုက်​သည်​။တပ်​ထားတဲ့​မျက်​မှန်​ကိုချွတ်​ကာ Joonတကယ်​ဟုတ်​မဟုတ်​ ပြန်​ကြည့်​လိုက်​သည်​။

"ဟုတ်​တယ်​ NamJoonပဲ ဒါနဲ့သူနဲ့စကား​ပြော​နေတဲ့လူက​ရောဘယ်​သူလဲ"

တစ်​ယောက်​တည်း​ရေရွတ်​လိုက်​ပြီး​ စဉ်းစား​နေမိသည်​။ ဒီကိုယ်​လုံးကိုယ်​ပေါက်​မျိုးကို တ​နေရာရာမှာ​တွေ့ဖူး​နေသလိုပဲ။

​မိန်းကလေးလား? သို့ပေမဲ့ဆံပင်​ရှည်​ပုံလည်းမရပါ။ ဆံပင်​အတိုနဲ့ဆို​တော့​ ယောကျာ်း​လေးများလား။ ခက်​တာက မျက်​နှာကိုမမြင်​ရ။

အဲ..သွားပြီ Joonကသူ့ကိုမြင်​သွားသည်​။ စကား​ရပ်​ပြော​နေတဲ့​တစ်​ယောက်​ကို ဘာ​ပြောလိုက်​လဲမသိပါ။ချက်​ချင်းထွက်​သွားသည်​။

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Where stories live. Discover now