7

10.7K 1.3K 41
                                    


"အ​ခြေအ​နေဘယ်​လိုလဲ...Joon"

"အဆင်​ပြေပါတယ်​ သူအခုအိပ်​ပျော်​နေတယ်​"

"အင်း မောင်​လေးကို​သေချာဂရုစိုက်​ပေးပါ လာမဲ့အပတ်​flightစီစဉ်​ထားတယ်​ ဟိုဘက်​ကိုလည်း seriesပြီးပြီးချင်း ပြန်​ရမယ်​လို့ ညှိထားပြီးသား"

"အာ့ဆိုအဆင်​ပြေပါတယ်​ အဲ့အချိန်​ပြန်​လာရုံ​ပေါ့"

"ဒါ​ပေမဲ့ ဒီကပွဲကို​တော့​ရှေ့တိုးလိုက်​တယ်​ အ​ကြောင်းလည်းပြလို့လှသွားတယ်​လေ"

"အင်းပါ....အို​ကေတာပဲ​လေ"

"အာ့ဆိုဒါပဲ​နော်​ ဖုန်းချလိုက်​တော့မယ်​ဘသေချာဂရုစိုက်​ပေးပါJoon"

HoonSiနဲ့ဖုန်း​ပြောခြင်းပြီးဆုံးသွားလို့ NamJoonအခန်းထဲပြန်​ဝင်​လာ​တော့ Jungkookကနိုး​နေ​ချေပြီ။

"နိုးလာပြီလားJungkook"

"​အော်​...အင်း...Hyung အခုဘယ်​အချိန်​ရှိပြီလဲ"

"ညရှစ်​နာရီရှိ​နေပြီ"

"ဟုတ်​လား ကျွန်​တော်​တခုခုဖြစ်​ခဲ့တာလား"

ထုံထိုင်းထိုင်း​မေးလာတဲ့ Jungkook​ကြောင့်​NamJoonဘာမှမတုံ့ပြန်​မိဘဲ ခဏအကြာထိရပ်​နေမိသည်​။

"မင်း ဘာမှမမှတ်​မိဘူးလား"

"အင်း ကျွန်​တော်​ပစ္စည်း​တွေဖျက်​ဆီးမိပြန်​ပြီထင်​တယ်​ ဘာ​တွေဖြစ်​သွား​သေးလဲ"

ထိုသို့ဖြစ်​ပြီးတိုင်း အနည်းအကျဉ်းသာမှတ်​မိ​သော သူ့ကိုသူလည်း မုန်းလှပါပြီ။

"ဒီ​လောက်​အချိန်​တွေကြာပြီးမှ"

NamJoonစကား​ကြောင့်​Jungkookသက်​ပြင်းချလိုက်​သည်။

"ဟုတ်​ပါရဲ့ ဘာ​ကြောင့်​ပါလိမ့်​ မသိ​တော့ဘူး ကျွန်​တော်​အားလုံးကိုခဏ​မေ့ထားချင်​တယ်​"

JungkookစကားကိုဘNamJoonနားလည်​သည့်​အ​နေနဲ့​ခေါင်းငြိမ့်​ပြကာ အခန်းအပြင်​ကိုထွက်​သွား​တော့သည်​။

"ဘာ​ကြောင့်​လဲ......ဘာလို့ငါ့ကိုမှ"

ထပ်​မံထိုးထွက်​မလာ​တော့တဲ့ စကားသံ​တွေကြားမှာ သူ့အ​တွေး​တွေ​ပျောက်​ရှခဲ့ပြန်​သည်​။

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Where stories live. Discover now