ဘယ်လောက်ထိချစ်ပါတယ်လို့
ပြောမပြတတ်လောက်အောင်ထိ
သိပ်ချစ်ရတဲ့သူမို့ စိတ်ကူးထဲမှာတောင်
ဝေးကြရင်ဆိုတဲ့အတွေး မတွေးရဲခဲ့တာကို
ဘာလို့ ဒီလိုမျိးမေးရသလဲ?
" babyကိုယ့်ကိုယ်ကြည့် "
ရင်ခွင်ထဲမှ ကောင်ငယ်လေး၏ မျက်နှာကို
အသာပင့်မော့စေကာ မျက်ဝန်းထဲ စူးစိုက်ကြည့်
တော့ နားလည်ရခက်သော အကြည့်တွေနဲ့
စူးစူးနင့်နင့်ပြန်ကြည့်လာလေရဲ့။
ဘာလို့များ babyသတိပြန်ရလာထဲက
chanyeolစိတ်ထဲ တထင့်ထင့်ဖြစ်နေရသည်လဲ
မပြောတတ်။
အခုလဲ babyမျက်နှာကို
ကြည့်ရင်း အမျိုးအမည်တပ်မရတဲ့
ခံစားချက်ကလဲဖြစ်တည်လာပြန်၏။
" baby, ကိုယ့်ကိုယ်ဖုံးကွယ်ထားတာများ
ရှိလား? "
Babyကား တော်တော်နှင့်ပြန်ဖြေမလာပါ။
အဲ့အစား မျက်ရည်တစ်စက်သာ ကျလာခဲ့၏။
" ဘာလို့ငိုပြန်သလဲကလေးရယ်
ဒါနဲ့ပါဆို ငိုတာနှစ်ခါရှိပြီ တကယ်ဘဲ
ကိုယ့်ကိုယ်ဖုံးကွယ်ထားတာတွေ
ရှိနေတာလား? "
မျက်ရည်စတို့ကိုအသာပွတ်သုတ်ပေးရင်း
ဆိုလေတော့ ရင်ခွင်ထဲပြန်မှီရင်း နှလုံးသား
ထက်ပါးအပ်လာလေသည့်baby,
တဆတ်ဆတ်တုန်နေသည့် ခန္ဓာကိုယ်လေးအရ
ငိုနေမှန်းသိလိုက်ပါ၏။သို့သော် ဘာလို့လဲ
ဆိုတဲ့အကြောင်းကိုဖြင့် ဆက်မမေးမိတော့ပါ။
အခုထိbabyအပြုအမူတွေကို chanyeol
နားမလည်သည်ကအမှန်။
babyကတစ်ခုခုကို ဖုံးကွယ်ထားသည်ဟု chanyeolထင်သော်လည်း ထုတ်မေးဖို့ကြလဲ မလုပ်ရက်၍ မသိချင်ယောင်ဆောင်
ပေးနေခြင်းသာ။
" chanသိလား babyက
Chanကိုလုံးဝစိတ်မချဘူး
Babyကိုchanဘယ်လောက်ချစ်တယ်ဆိုတာ
သိနေလို့ ပိုစိတ်မချတာ တကယ်လို့များ
babyမရှိတော့ရင် chanကတော့~~
chanကတော့~~ ကြံ့ခိုင်မှဖြစ်မယ်နော်
အရမ်းကြီးမနာကျင်ဘဲ အရမ်းကြီး မငိုကြွေးဘဲ
Chanကသန်မာမှဖြစ်မယ် "
စကားတစ်ခွန်းချင်းစီတိုင်းက နှလုံးသားကို
ဓားနဲ့မွှန်းနေသလိုဘဲ ခံရခက်စွာနာကျင်ရ၏။
ဘာတွေပြောနေတာလဲ ကလေးရယ်!
" kyung sooလေးကိုလဲ chanဘဲ
စောင့်ရှောက်ပေးမှဖြစ်မယ် "
" တော်တော့baby ဘာလို့ နမိတ်မရှိတာတွေ
ပြောပြီး ကိုယ့်ကိုနာကျင်စေရတာလဲ?
Babyတွေးမကြည့်ဘူးလား ကိုယ်တို့က
babyကိုဘဲလိုအပ်တာဆိုတာ
babyသာမရှိရင်
ကိုယ်တို့ဆိုတာလဲမရှိနိုင်ဘူး
ဒီလို နမိတ်မရှိတာတွေထပ်မပြောနဲ့
ကိုယ်သဘောမကျဘူး"
Chanyeolရဲ့ဆူသံအဆုံးမှာမှ babyက
ငြိမ်ကျသွားလေရဲ့။
ထွေးပွေ့ထားရတဲ့ ခန္ဓာကိုယ်ငယ်ကို
ပိုလို့တင်းကြပ်အောင် ဖက်ထားလိုက်ရင်း
ဘာမှန်းမသိတဲ့ခံစားချက်ကြီး ပျောက်လို
ပျောက်ငြားငြိမ်နေလိုက်မိပါ၏။
သို့သော်လည်း စူးနင့်နာကျင်နေတဲ့
နှလုံးသားကိုတော့ လစ်လျူ ရှု၍မရခဲ့ပါ။
ကျေးဇူးပြုပြီး ကလေးငယ်,
ကိုယ်နာကျင်ရမဲ့အပြုအမူတွေ မလုပ်မိပါစေနဲ့။
/ အနာဂါတ်ဆိုတာကိုကြိုမြင်နိုင်မယ်ဆို
သေမင်းနဲ့စစ်ခင်းဖို့ ကိုယ်ပြင်ဆင်ခဲ့မိမယ်
ထင်တယ်baby!! /
~~~~6~~~~
Start from the beginning
