Kyung sooအား ဆူဖို့ပြင်နေသော baekhyunရဲ့စကားသံတွေဟာ လည်ချောင်းဝမှာတင်တစ်ဆို့ကာသွားရလေ၏။

Kyung sooရဲ့ဖခင်အပေါ်ထားရှိတဲ့ မုန်းတီးမှုကိုသူသိပါသော်လည်း ခုလောက်ထိလို့တော့
မထင်ခဲ့မိပါ။

ကျွန်တော့်ရဲ့kyung sooလေးခမျာ
ဖခင်ရဲ့မေတ္တာကိုမရခဲ့ရှာ၍ဖြစ်မည်။
ချစ်ခြင်းတရားဟူသည် do young john
အပေါ်မှာတော့ ဖြစ်တည်မလာခဲ့ပါ။

" ဟုတ်ပြီကလေး baekhyunneဘာမှ
မပြောတော့ဘူး ကလေးလဲ ဒေါသကို
လျှော့လိုက်တော့ နော် "

မျက်လုံးဝိုင်းတွေထဲ အရည်ကြည်တစ်ချို့ကို
Baekhyunမြင်လိုက်ရသည့်နောက်တော့
အခြေအတင်ဆက်ပြောမည့်အကြံကို
လက်လျှော့ချလိုက်ရပါ၏။

Baekhyunတကယ်မမြင်ချင်ပါ kyung soo
လေးရဲ့မျက်နှာထက်ဝမ်းနည်းမှုဆိုတာကိုပေါ့။

" chanyeollie ကျွန်တော်အိမ်ခဏပြန်အုံးမယ်
ညနေမှဘဲပြန်လာမှာမို့ baekhyunneကို
စောင့်ရှောက်ပေးနော် "

" ဟုတ်ပါပြီ ခများလေးမပြောလဲ ကျွန်တော်မျိုး
စောင့်ရှောက်မှာပါဘဲ စိတ်အေးလက်အေးသာ
သွားချေ ညနေမလာလဲရတယ် သိလား? "

စပ်ဖြီးဖြီးမျက်နှာပေးနဲ့chanyeolက
စလေတော့ kyung sooမှာ ခေါင်းတခါခါနှင့်
ဆေးရုံခန်းထဲမှ ထွက်ကာ ပြန်ခဲ့ရပါ၏။

တကယ်မနိုင်ပါ ဒီအချစ်ငှက်နှစ်ကောင်ကြား
ကြာကြာနေ၍လဲမရနိုင်။

အကဲပိုသည့်park chanyeolကို
မြင်နေရတာကလဲ
မျက်နှာပူစရာတစ်မျိုးဖြစ်နေခြင်းမို့။
.
.
.
~~~~~~~~~~~
" chan "

" ဟင် "

" တကယ်လို့ တစ်နေ့နေ့မှာ
Babyသာမရှိတော့ဘူးဆိုရင်
Chanဘာဖြစ်သွားနိုင်မလဲ? "

" ကိုယ်.....
ကိုယ် မ သိ ဘူး "

"......."

" babyသာမရှိရင်ဆိုတာကြီးက လက်တွေ့မှာ
မပြောနဲ့ အတွေးနဲ့တောင် ကိုယ့်အတွက်
ရူးမတတ်ဘဲမို့ ကိုယ်မဖြေတတ်ဘူး "

Chanyeolလိမ်နေခြင်းမဟုတ်ပါ။
တကယ်လဲ chanyeolအတွက် byun baekhyunဆိုတဲ့ကောင်လေးက မရှိမဖြစ်
အရေးပါတဲ့သူပင်။

သူ ဒီကောင်လေးကို
ဘယ်လောက်တောင် ချစ်ခဲ့ရပါသလဲ?

ဒီကောင်လေးနဲ့ပက်သတ်ပြီး သူ့အတွေးတွေ
ဘယ်လောက်တောင်လေးနက်ခဲ့ရပါသလဲ?

ReflectionWhere stories live. Discover now