" ဘာတွေပြောနေတာလဲ baekhyunne?
ဒီလူကြီးက ကျွန်တော့်အဖေမဟုတ်ဘူး
ကျွန်တော့်မှာအဖေမရှိဘူး လူမှန်းသိတတ်စထဲက ကျွန်တော့်မှာ အဖေမရှိခဲ့ပါဘူး "

Kyung sooရဲ့ ဒေါသတို့သည် ငယ်ထိပ်ထိ
စောင့်တက်လာရပြန်ပါသည်။မြိုသိပ်ထားတဲ့
နာကျည်းချက်တွေက လူမမယ်အရွယ်ထဲကမို့
တစ်နင့်တစ်ပိုးရှိနေတာ baekhyunneမသိ
လေရော့သလား?

အဖဆိုတဲ့ဝေါဟာရက ကျွန်တော့်အဘိဓာန်ထဲ
ပျက်ယွင်းခဲ့တာကြာပါပြီ။ကျွန်တော့်အတွက်
အဖေမလိုပါ အဖေမရှိလဲ ကျွန်တော့်ဘဝနဲ့
ကျွန်တော် ကောင်းစွာ ရှင်သန်နိုင်သည်မို့..

" ကျစ် ကလေးရာ!"

"တော်တော့hyunလေး daddyနားလည်
ပါတယ် daddyဘက်က အပြစ်လုပ်ထားတာမို့
ဒီရလဒ်လောက်ကို စာဖွဲ့ပြီးနာကျင်မပြသင့်ဘူး
မဟုတ်လား?

ကျန်းမာရေးဂရုစိုက် baekhyunလေး
Daddyပြန်တော့မယ် "

" ပြန်သင့်တာကြာပြီလို့ ကျွန်တော်ထင်တယ် "

" do kyung soo!! "

ဆက်၍ထွက်လာသော စကားသံ သုံးခုနောက်
Chanyeolသည်လဲ ခပ်ကုတ်ကုတ်သာ
ငြိမ်နေရသည့်အဖြစ်ပင်။မိသားစုပြသနာထဲ
သူဝင်ပါ၍မသင့်တော်တာကြောင့် ရပ်ကြည့်
နေရခြင်းသာ။

Do young Johnကတော့ ညှိုးငယ်စွာ
ပြန်၍သွားရလေပြီ။အခန်းငယ်ထဲဝယ်
အေးစက်သော လေထုက အစားထိုး
ဝင်လာသယောင် အခြေအနေက ငြိမ်သက်၍
သွားလေရဲ့။

ဒေါသသံစွက်သော baekhyunne၏
အော်သံကြား စိတ်ပျက်စွာ မျက်နှာမဲ့ချလိုက်မိ
သူက ကျွန်တော်..

ဘာလို့ baekhyunneက ကျွန်တော့်အဖေကို
သိပ်ချစ်လွန်းနေရသလဲ?

" ကလေး "

" မခေါ်နဲ့baekhyunne
အဲ့လူနဲ့ပက်သတ်ပြီး ဆုံးမဖို့ဆိုရင် မခေါ်ပါနဲ့

Baekhyunneကတော့ဘယ်လိုစိတ်နဲ့
သူ့ကိုချစ်ခင်ပြီး သူ့အလုပ်တွေကို အသက်စွန့်ပြီး
ကူလုပ်ပေးရသလဲ ကျွန်တော်မသိပေမဲ့

ကျွန်တော်ကတော့ baekhyunneခုလို
ဖြစ်တာနဲ့ပက်သတ်ပြီး သတ်ပစ်ချင်အောင်ကို
မုန်းနေတာမို့ ဘယ်လိုဆုံးမမှုမှ မလုပ်ပါနဲ့ "

ReflectionWhere stories live. Discover now