တော်စမ်းပါ ခများရယ် ခများရဲ့ ဘာမဟုတ်တဲ့
အလုပ်ဆိုတာကြောင့် ကျွန်တော့်ရဲ့
baekhyunneက သေမင်းခံတွင်းဝကို
ရောက်ခဲ့ရတာသိရဲ့လား?

မုန်းတယ် ခများကို
ထွက်သွားစမ်းပါ
နောက် ဘယ်တော့မှ ဒီကိုမလာနဲ့ "

Medical check upလုပ်ဖို့ chanyeollieနဲ့
အတူထွက်သွားတဲ့ baekhyunne
ဒီပြန်မရောက်ခင် ထိုသူအား နှင်ထုတ်မိ၏။

အကြောင်းကား baekhyunneနားမှာ
do young johnကို
တစ်စက္ကန့်တောင် ရှိမနေစေလို၍~~

" သားအပေါ်တာဝန်မကျေခဲ့တာကြောင့်နဲ့
ဖေဖေ့ကိုမုန်းနေမယ်ဆိုတာ သိထားပေမဲ့
ခုလောက်ထိလို့တော့မထင်ထားဘူး

Hk!ကြည့်ရတာ ဖေဖေက ကိုယ့်ကိုယ်ကို
ယုံကြည်မှုတွေလွန်ကဲသွားတယ်ထင်တယ် "

ခပ်တိုးတိုးဆိုပေမဲ့ အက်ကွဲနေသယောင်
လေသံနှင့် ထိုစကား~~~~

ထူးထွေ၍ ကျွန်တော်မခံစားမိပါ။

" အင်း ဟုတ်မှာပေါ့ ယုံကြည်မှုတွေ
လွန်ကဲနေတယ်ဆိုတာကို အခုမှ
သိတယ်လား?

အံသြတယ် ဘယ်လိုစိတ်နဲ့များ ကျွန်တော်က
ခများကိုချစ်ပေးနိုင်မယ်လို့ တွေးနေတာလဲ
ဟင်!!"

သားတစ်ယောက်ပြောအပ်သော စကားမျိုး
မဟုတ်သော်လည်း ကျွန်တော်ပြောဖြစ်ခဲ့ပါ၏။
ပို၍ ညှိုးကျသွားတဲ့ မျက်နှာနဲ့
do young johnကတော့ ကျွန်တော့်အား
ငေးကြည့်မြဲသာ။

သိတတ်စအရွယ်မှစ၍ အခုထိ မှတ်မှတ်ရရ
သုံးကြိမ်သာဆုံဖူးပါသော မိမိ၏ အဖေရင်း
ဆိုသူအား စိမ်းသက်နေသည်ကလဲ
မဆန်းလှ။

တကယ်ဆို ကျွန်တော့်အတွက် အဖေရင်းထက်
ပိုဂရုစိုက်ချစ်ခင်ပေးသည့် baekhyunneသာ
ရှိလျှင်လုံလောက်ပြီလေ။

" ကလေး!!
ကိုယ့်အဖေကို ဘယ်လိုပြောနေတာလဲ? "

အခန်းတံခါးကို အလောတကြီး တွန်းဖွင့်လာ
လေသည့်baekhyunneဟာ ဘယ်ကအားအင်
တွေရနေသည်လဲမဆိုတတ် မနက်ကထိ
ပျော့ဖတ်ဖတ်ကိုယ်က ခုများတော့
မာကြောလို့...

" sir arnyi dadyသားတောင်းပန်ပါတယ်
ကလေးက သားဇောနဲ့မို့ နဲနဲရိုင်းသွားတာပါ
daddyကို နာကျင်စေလိုတဲ့စိတ် ကလေးမှာ
မရှိပါဘူး "

ReflectionWhere stories live. Discover now