ပိုလို့ဆိုးသွားစေမဲ့ အခြေအနေကို ဖန်တီးဖို့
ပြန်မသွားချင်ပါဘူး။အဲ့အစား ဒီမှာဘဲ
နေလိုက်ရင်း လက်လွှတ်ထားပေး
လိုက်တာက ကျန်ခဲ့မဲ့သူတွေအတွက်
ပိုကောင်းနိုင်မယ် မဟုတ်လား။
" ကျွန်တော် ပြန်မသွားတော့ဘူး မေမေ "
ရင်တွေသေအောင်နာရပါသော်လည်း
အားတင်းပြီးပြောလိုက်မိသည်။
ကျွန်တော့်ရဲ့သေဆုံးခြင်းကြောင့် နာကျင်
နေကြမည့် chanနဲ့ကလေးကို တွေးမိရင် ပိုလို့ နာကျင်ရသည်မှန်သော်လည်း
လစ်လျူရှုထားလိုက်မိလေရဲ့။
ကျွန်တော့်ဆုံးဖြတ်ချက်ကမှန်မှာပါလေ။
/baby အမြန်သတိရတော့လေကလေးရယ်
ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြရအုံးမယ်လေ
ကလေးရဲ့ /
ရုတ်တရက် နားထဲတိုးဝင်လာသော
Chanရဲ့အသံဖျော့ဖျော့။
ဘာလို့ အားမရှိတဲ့အသံပေါက်နေရသလဲ
ခများရယ်။
မခြောက်သေးသောမျက်ရည်တို့က ပြန်လည်
စိုစွတ်ရင်း~~~
တောင်းပန်ပါတယ်chan,
Babyကို ခွင့်မလွှတ်ပါနဲ့။
" သားရဲ့ချစ်သူမလား သူ သားကို လိုအပ်နေ
တယ်လေ ပြန်မသွားချင်ဘူးလား? "
" ဟင့်အင်း မပြန်ဘူးမေမေ
သူ သားကို လိုအပ်နေတာကြောင့်မို့ မပြန်တာပါ
သုံးရက်ဆိုတဲ့အချိန်က သူ့စိတ်နဲ့
နှလုံးသားကို ဒဏ်ရာနက်စေဖို့ လုံလောက်တဲ့ အကြောင်းကံဖြစ်နေမှာ
တကယ်လို့ သား အခုသွားလိုက်ပြီးမှ
ရုတ်တရက် သူ့နားကနေ ထွက်ခွာသွားခဲ့ရင်
သေချာတယ် chan ရူးသွားမှာ မေမေ
ကျွန်တော့်ကို ဒီ့ထက် ခံစားရအောင်
ပြန်မသွားခိုင်းပါနဲ့လား.. "
/ baekhyunneက ပြန်သတိရလာမှာပါ /
ယုံကြည်ချက်တို့ ခိုင်မာနေလေသော
ကလေးရဲ့အသံ...
မဟုတ်ဘူးကလေးရယ် baekhyunneက
ကလေးယုံကြည်ပေးဖို့ မထိုက်တန်သူပါ။
/ ဘယ်တော့လဲ /
မျှော်လင့်ချက် ခပ်ရေးရေးပါသော
Chanရဲ့ ပြန်လည်မေးလေသော စကား...
သူတို့ ကျွန်တော့်ကို လိုအပ်နေကြတယ်။
/ကျွန်တော်တို့ ယုံကြည်ချက်တွေ
မပြိုလဲသရွေ့ပေါ့ /
~~~~5~~~~
Start from the beginning
