ကျွန်တော်သည် လက်ခံဖို့ရာ ခက်ခဲတဲ့
ဖြစ်ရပ်ထဲနစ်မြောရင်း အသိစိတ်ကင်းမဲ့
သွားခဲ့ပါ၏။
" ဘာ လို့ ကျွန်တော်မှ ဒီလိုဖြစ်ရတာလဲ? "
အားတင်းပြီးမေးရလေသော ထိုစကား...
အာ ရင်တွေဘာလို့ သေမတတ်နာရသလဲ?
" ကံတရားက မေမေတို့လိုသလို ဖန်တီးလို့မှမရဘဲသားရယ် ငယ်ငယ်က မေမေပြောဖူးတာကို
သားမှတ်မိတယ်မလား လူတွေရဲ့ ကံကြမ္မာဆိုတာမွေးထဲက သတ်မှတ်ချက်ရှိပြီးသားဆိုတာ "
"......."
" ဒီလိုဘဲပေါ့ လောကလူ့ဘောင်ထဲနေရင်တော့
ကိုယ်တိုင်ဖန်တီးလို့မရတဲ့ ကံကြမ္မာရဲ့ လှည့်စား
မှုကို ခံနေရအုံးမှာဘဲ "
အင်း ဟုတ်တယ်ဆိုပေမဲ့လဲ ဒါကြီးကတော့
သိပ်ရက်စက်လွန်းရာမကျပေဘူးလား!
နောက်လထဲweddingလုပ်ရတော့မဲ့
ကျွန်တော်က နောက်သုံးရက်နေရင်
ဒီလောကကြီးထဲကနေ အပြီး ထွက်သွား
ရတော့မယ်ဆိုတော့ ကျန်ရစ်ခဲ့ရှာမဲ့ ကျွန်တော့်ရဲ့chanနဲ့kyung sooလေးက ဘယ်လိုလုပ်မလဲ။
မျက်ရည်တွေက တာကျိုးသလို စီးကျရင်း
မေမေ့ကိုသာ ခပ်တွေတွေငေးကြည့်တော့
ဂရုဏာသက်သလိုမေမေက ကျွန်တော့်အား
သူ့ရင်ခွင်ထဲထွေးဖက်ထားခဲ့ပါ၏။
အားပါးတရ ငိုရှိုက်ပြီးလေတော့ အတန်အသင့်
စိတ်ငြိမ်သွားရသည်မို့ ဖြေးဖြေးချင်း အားယူကာ
ဆုံးဖြတ်ချက်တစ်ခုချဖြစ်ခဲ့ပါ၏။
" ကျွန်တော့်ကံကိုက သေရမဲ့ကံဖြစ်လာပြီ
ဆိုမှတော့ လက်မခံချင်လဲ လက်ခံရတော့မှာဘဲ
ကျွန်တော် ဒီမှာဘဲ မေမေနဲ့အတူ နေပါ့မယ် "
ကျွန်တော့်စကားအဆုံး မေမေက အသာလေး
ပြုံးရင်း ကျွန်တော့်ရွှေဝါရောင်ဆံနွယ်တို့ကို
ပွတ်သပ်ကာ ငေးကြည့်နေပြန်လေသည်။
ထို့နောက်..
" ဟိုကိုပြန်မသွားတော့ဘူးလား သား "
ဟူ၍ မေးလာလေတော့ ဖြေသံမဲ့လို့ ကျွန်တော်
နှုတ်ဆိတ်နေမိပါ၏။
သုံးရက် အင်း သုံးရက်ဆိုတဲ့ ရက်အပိုင်းအခြား
တစ်ခုမှာ ကျွန်တော်ပြန်သွားလို့ရော
မနာကျင်ဘဲနေလေမလား?
~~~~5~~~~
Start from the beginning
