ထိုခန ဆစ်ခနဲအောင့်တက်လာသော နာကျင်မှုနဲ့အတူ ဝမ်းဗိုက်ဆီမှ စေးပျစ်ပျစ် တစ်စုံတစ်ရာ
လက်ထဲ ပူနွေးစွာ ကပ်ညိလေသော သွေးတွေကို မြင်လေမှ အဖြစ်အပျက်တစ်ချို့ကို
ပြန်သတိရလာပါလေ၏။

Sirခေါ်လို့ Mr.kနဲ့ သွားဆွေးနွေးတဲ့
ကျွန်တော်က Mr.kလက်ချက်ဖြင့် ဓားနဲ့လဲ
အထိုးခံရသည့်အပြင်
ဟန်မြစ်ထဲမှာပါ ရေနှစ်ခံလိုက်ရတာပင်။

ဘယ်လောက်ဘဲ တိုက်ကွမ်ဒိုတတ်ကျွမ်းတယ်
ပြောပြော ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းနဲ့
လုပ်ကြံလေသည့်အခါ ဘယ်လိုမှခုခံနိုင်စွမ်း
မရှိခဲ့ပါ။သို့နှင့် အသိအာရုံတွေ အမှောင်ဖုံးခံ
လိုက်ရသည်သာ။

ဒါနဲ့ဘယ်လို ကျွန်တော်က
မေမေ့ဆီရောက်လာတာ?

မဟုတ်မှ ကျွန်တော် သေများသွားပြီလား?

" အများကြီးမတွေးပါနဲ့သားရယ် ဖြစ်ပြီးသား
အကြောင်းတရားတွေက ပြန်ပြင်လို့မှမရတာဘဲ"

" ခနလေးမေမေ သားကဆုံးပါးသွားပြီလား? "

" ဟင့်အင်း မဆုံးသေးဘူးသား
ဒါ့ထက် အသက်လဲရှင်နိုင်မှာမဟုတ်ဘူး "

" မေမေ့စကားကို သားနားမလည်ဘူး "

ဟုတ်သည် ကျွန်တော်တကယ် နားမလည်ပါ။

သေသွားတာမဟုတ်ဘူးလဲဆိုသေး
အသက်လဲမရှင်နိုင်ဘူးဆိုတာကြီးက
ဘယ်လိုများလဲ?

" သားအတွက်က သေခြင်းတရားကံသတ်မှတ်
ပြီးပြီ ဘယ်လောက်ဘဲ သားကို သူတို့ကြိုးစား
ကယ်တင်နိုင်ပါစေ အချိန်တန်ရင် ငါ့သားက
သေရမှာဘဲ "

"အချိန်တန်ရင်လား? "

"ဟုတ်တယ် အချိန်တန်ရင်
မေမေစိတ်မကောင်းပါဘူးသား

သားအတွက်အသက်ရှင်လဲ သုံးရက်ထက်
ပိုနေရမှာမဟုတ်ဘူး သားရဲ့သေခြင်းကံက
နောက်သုံးရက်နေရင်အချိန်စေ့ပြီမို့လို့"

" ဗျာ!!"

အာမေဋ္ဌိတ်သံအချို့နဲ့ ဆွံ့အသွားရလေသည့်
ကျွန်တော့်ကို မေမေက ညှိုးငယ်စွာကြည့်သည်။
ထိုအကြည့်တွေထဲ ယူကြုံးမရဖြစ်ခြင်းတွေလဲ
ပါနေသယောင်။

ReflectionDonde viven las historias. Descúbrelo ahora