Baekhyunneငိုတာကို မှတ်မှတ်ရရတစ်ခါသာ
မြင်ဖူးခဲ့ပါ၏။ ကျွန်တော့်မေမေဆုံးပါးခဲ့စဉ်က
ကျွန်တော်နဲ့အတူ တစ်ညလုံးနီးပါး
ငိုကြွေးခဲ့သည့် baekhyunneက
မေမေဆုံးပြီးစဉ်မှစလို့ တစ်ခါမှမငိုခဲ့ဖူးပါ။
ခုမှသာ...
"ဘာ လို့ ငို သ လဲ "
တစ်လုံးချင်း အားယူ၍ မေးလိုက်လေသော
ကျွန်တော့်အမေးကို baekhyunneက
ခပ်ယဲ့ယဲ့အပြုံးဖြင့်သာ တုံ့ပြန်လေ၏။
ဒီအပြုံးတွေရဲ့နောက်ကွယ်က တစ်စုံတစ်ရာကို
ကျွန်တော်ကြောက်တယ်။
" baekhyunne နောင်တ..ရ.. လို့ "
"........"
" သေခါနီးဆဲဆဲမှ သတိထားမိတယ်
Baekhyunneရဲ့ဘဝကို အလုပ်ထဲဘဲ
နှစ်မြှုပ်ရင်း အချိန်တွေဖြုန်းခဲ့မိတာဘဲဆိုတာ
အခု နောင်တမရချင်တော့လို့ကလေး "
စကားအရှည်ကြီးပြောလိုက်ရ၍ မောနေသော
Baekhyunneကို chanyeollieက
ရေခပ်တိုက်ရင်း မျက်ရည်ဝဲလျက် ကြည့်နေ
လေ၏။
ဘာလို့မှန်းမသိ ကျွန်တော့်ခံစားချက်တွေ
မကောင်းပါ။တကယ်ဆို baekhyunne
သတိပြန်ရလာခြင်းအပေါ် ကျွန်တော့် တုံ့ပြန်မှုကပျော်မြူးနေသင့်သည်။သို့တိုင် ခဲဆွဲသလိုလေး
နေသောစိတ်နဲ့ အောင့်နေဆဲနှလုံးဟာ တဆစ်
ဆစ်နဲ့ခံရခက်တုန်း။
ဘာလို့လဲ??
ခပ်တိုးတိုးမေးဖြစ်သည့် ရင်ဘတ်ထဲက
သိချင်စိတ်စကား~~~~
အတိအကျဖြေပေးမဲ့သူ မဲ့ရှာလေသည့်
မေးခွန်းငယ်ဟာ ကျွန်တော့်အား အသက်ရှူ ရ
ကြပ်နေစေပြန်သည်။
" baby ကျေးဇူးဘဲ ကိုယ့်ဆီပြန်လာပေးတာ
တကယ်ကျေးဇူးတင်ပါတယ် "
" မငိုပါနဲ့chan
babyတောင်းပန်ပါတယ် babyက
chanကို စိတ်ပူစေမိပြီ "
" မဟုတ်တာကလေးရယ် ဘာမှမဖြစ်ဘဲ
ကိုယ့်ဆီပြန်လာပေးတာနဲ့တင်
ကိုယ်ကျေနပ်ပါတယ်
babyပြောသလိုပေါ့
ကိုယ်လဲ နောင်တမရချင်ဘူး
ကိုယ်တို့လက်ထပ်ကြရအောင် "
အပြန်အလှန် လွမ်းဆွတ်နေလေသော baekhyunneတို့နှစ်ယောက်ကို ခပ်တွေတွေ
ငေးကြည့်နေရင်းမှ သက်ပြင်းအသာချလိုက်ကာ
အခန်းပြင်သို့လှမ်းထွက်ခဲ့လိုက်ပါ၏။
ချစ်သူတွေရဲ့ကြည်နူးမှုကို ဘာမဟုတ်တဲ့
ကျွန်တော့်ရဲ့ ခပ်ကြောင်ကြောင်အတွေးတွေနဲ့
သံသယများပြီး မဖျက်စီးချင်ပါ။
Baekhyunneသတိပြန်လည်ပေးတာနဲ့တင်
ကျွန်တော့်ဆီ ပြန်လာပေးတာနဲ့တင် သိပ်ကို
ကျေးဇူးတင်စရာကောင်းနေခဲ့ပြီမို.~~~~
# မျက်ရည်တစ်စက်ရဲ့ ရင်နင့်ဖွယ်
နောက်ဆက်တွဲအဖြစ်ကို ကြိုသိနိုင်ခဲ့မယ်ဆို
ခနတာချွေးသိပ်မှုနဲ့ နိုးထခြင်းအတွက်
ဝမ်းသာပေးခဲ့မှာမဟုတ်ဘူး #
#Kaisoo forever💓
#kaisoo is more than real 💕
တကယ်ကြီး Reflectionကိုmoodဝင်နေရှာတာပါလား😦
~~~~4~~~~
Start from the beginning
