" baekhyunneက ပြန်သတိရလာမှာပါ "

" ဘယ်တော့လဲ? "

" ကျွန်တော်တို့ ယုံကြည်ချက်တွေ
မပြိုလဲသရွေ့ပေါ့ "

Chanyeollie၏နာကျင်မှုတွေ အနည်းငယ်
လျော့ပါးစေရန်အလို့ငှါ အားတင်းပြီး နှစ်သိမ့်ပေး
လိုက်ပါသော်လည်း ကျွန်တော်ကိုယ်တိုင်ကဖြင့်
မသေချာ။

ယုံကြည်ချက်ဆိုတာတွေက စိတ်စွမ်းအင်တစ်ခုလို့baekhyunneက သတ်မှတ်သည်။သို့သော်
ကျွန်တော်ကတော့ ထိုယုံကြည်ချက်တွေထဲ
လမ်းပျောက်နေရသူလို အရာရာက ဝေဝါးနေဆဲ
အဘယ်စွမ်းအင်ကမှ ကျွန်တော့်အား နှစ်သိမ့်
ပေးနိုင်မှာ မဟုတ်တာ သေချာနေလေတော့..

" baekhyunneသတိရလာမှဖြစ်မယ်... "

" အင်းးး အင် "

ကျွန်တော့်စကားအဆုံး.....
ခပ်တိုးတိုးညည်းသံနဲ့အတူ လက်ချောင်းလေးတွေလှုတ်ခတ်လာသည့်baekhyunne...

ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဆုတောင်းသံ
တွေကိုလစ်လျူ ရှုမထားဘူး။

" ba.baby "

"Baekhyunne "

လူနာကုတင်နား နှစ်ယောက်သား
တိုးကပ်သွားပြီး စိုးရိမ်တကြီး ငေးမောမိရ၏။
ဖြူ ဖျော့နေတဲ့မျက်နှာသေးသေးလေးက
ကျွန်တော့်ရင်ကို အောင့်တက်သွားစေသည်။
ဘာလို့ ကျွန်တော့်ရဲ့baekhyunneကိုမှ
ဒီလိုဖြစ်စေသလဲ?

" c..ha.n~~
လက်ထပ်ကြရအောင် "

" ဟင်!! "

သတိရရချင်း chanyeollieနာမည်ကို
ခပ်တိုးတိုးခေါ်လေသည့်baekhyunneကြောင့်
ကျွန်တော့်ရင်ထဲဆစ်ကနဲ နာကျင်လာရသည်။

ကျွန်တော့်ကိုမဟုတ်ဘဲ chanyeollieကို
အရင်ဆုံး တမ်းတသည့်baekhyunneကို
စိတ်ဆိုး၍လဲမဟုတ်ပါ။chanyeollieကို
မနာလို၍လဲမဟုတ်ပါ။

အကြောင်းသည်ကား...
" လက်ထပ်ရအောင် "ဆိုသည့်စကားအဆုံး
ဖျတ်ခနဲကြွေဆင်းလေသော baekhyunne၏
မျက်ရည်စက်ကြောင့်သာဖြစ်သည်ပင်။

ကျွန်တော်သိတဲ့baekhyunneက ဘယ်လို
နာကျင်စရာရှိရှိမျက်ရည်တစ်စက်မကျခဲ့သူ။
အဆိုးဆုံးပြောရရင် ဘဝနာခဲ့လွန်းလို့ ဘာခံစား
ချက်ကိုမှအလေးမထားခဲ့သူ။ ကျွန်တော့်မေမေနဲ့
ကျွန်တော့်ကိုသာ ဦးစားပေးသည့် baekhyunneက ကျေးဇူးတရားတွေကြောင့်
ဆိုတာထက် ကျွန်တော်တို့ကို သံယောဇဉ်တွယ်
လွန်းခဲ့၍သာ~~~

ReflectionDonde viven las historias. Descúbrelo ahora