" baby ကိုယ်တောင်းပန်ပါတယ်
ကိုယ်သာလိုက်ခဲ့ရင်...ကိုယ် လိုက်ခဲ့မယ်ဆိုရင်
Babyဒီလိုဖြစ်မှာမဟုတ်ဘူး ကိုယ်တောင်းပန်ပါတယ် ကလေးရယ် "

အက်ကွဲသံနှင့်chanyeol၏ယူကြုံးမရဖြစ်မှုက
ကျွန်တော့်ကိုပိုနာကျင်စေလေသည်။
တကယ်က ကျွန်တော်တားမယ်ဆို baekhyunneက လက်ခံပေးမဲ့ဟာကို
ကျွန်တော်ကသာမတားခဲ့တာပါလေ။

" baekhyunneသာတစ်ခုခုဖြစ်ခဲ့ရင်
ကျွန်တော် do young johnကို သတ်မှာ "

ကြိတ်မနိုင်ခဲမရ ကျွန်တော့်ရေရွတ်သံကို
ပူဆွေးနေတဲ့chanyeolလဲမကြားနိုင်သလို
oxygenပိုက်တွေတပ်ထားရပြီး သတိလစ်
မေ့မြောနေတဲ့ baekhyunneလဲမကြားနိုင်ပါ။

သို့သော် ထိုရေရွတ်မှုသည် ပူဆွေးရုံသက်သက်
မဟုတ်သည့် နာကျည်းချက်များကိုလက်ခံရင်း
တကယ်ဖန်တီးမည့် အကြောင်းတရား
ဆိုသည်ကတော့ တကူးတက မပြောဖြစ်တော့တဲ့အမှန်တရားသာဖြစ်သည်ပင်။

ငါးနာရီခန့်ကြာပြီးနောက်~~~~~

" baby အမြန်သတိရတော့လေကလေးရယ်
ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြရအုံးမယ်လေ
ကလေးရဲ့ "

VIP roomမှာထားပြီး စမ်းသပ်ကုသမှုတွေ
ဆက်လက်လုပ်နေရဆဲbaekhyunneဟာ
ခွဲစိတ်ပြီး တစ်နာရီကြာသည်ထိ သတိပြန်
မလည်လာသေးသည်ကြောင့် chanyeolနဲ့
Kyung sooလဲ အနားမှမခွာရဲဘဲ
စောင့်ကြည့်ရင်း ကြိတ်ဆုတောင်းနေရစမြဲပင်။

လွန်ခဲ့တဲ့နာရီဝက်ခန့်က baekhyunneကို
ခွဲစိတ်ကုသပေးသူDr.leeနဲ့ baekhyunne
အခြေအနေကို မေးထားပြီးဖြစ်သည်ပင်။

/ ဒဏ်ရာကတအားနက်လွန်းတယ် ဝမ်းဗိုက်
ဒဏ်ရာနဲ့ပါ သွေးထွက်လွန်ထားတဲ့အပြင်
အဆုတ်ထဲပါရေဝင်နေတော့ တတ်နိုင်သမျှ
ကြိုးစားပေးထားတယ်ဆိုပေမဲ့ အသက်ရှင်နိုင်
မရှင်နိုင်ကိုတော့ အတိအကျပြောလို့မရဘူး /

ဆိုသည့်~~~~
Baekhyunneကို ခွဲစိတ်ပေးသော Dr.Lee
ပြောခဲ့သောစကား~~~

ထိုစကားကြောင့် chanyeolခမျာ အသည်း
အထန်ငိုကြွေးလေသလောက် ကျွန်တော်က
တော့မငိုပါ။

ကျွန်တော် ယုံကြည်တယ်။
Baekhyunneက ဒီလိုကြီးထားပြီး ထွက်သွားမဲ့
လူမှမဟုတ်တာဘဲ။

ReflectionWhere stories live. Discover now