ဝင်လာတဲ့messageကို ဖတ်နေသည့်
babyမျက်နှာဟာ လိုသည်ထက်
ပို တည်တင်းနေတာကို chanyeolသတိထား
မိလိုက်တာမို့....
" ဘယ်ကပို့တဲ့စာလဲbaby "
" chan, babyအပြင်ခနသွားအုံးမယ်
Kyung sooလေးနဲ့ခနနေပေး "
အကဲခတ်ရင်းမှ သိချင်စိတ်ဖြင့် မေးလိုက်သည့်
စကားအဆုံး ရုတ်တရက် မတ်တပ်ရပ်ကာ
ကားသော့ကိုင်ဆွဲပြီး စကားအချို့မှာကာ
အပြင်ထွက်ဖို့ပြင်လေသည့်baby...
ဘယ်ကစာမို့ babyကပြာယာခတ်နေသည်လဲ
ဒါ့ထက် တအားအရေးကြီးနေတဲ့ပုံစံနဲ့
Babyအမူအရာ~~~
chanyeolတောင် ကျောချမ်းလာသလိုလိုပါ။
Kyung sooကလဲ နားမလည်သယောင်
ပြူးကြည့်နေရုံကလွဲ ဘာမှဝင်မပြော။
မနေနိုင်တဲ့chanyeolကဘဲ ထွက်သွားရန်
ပြင်နေသည့်babyလက်ကို လှမ်းဆွဲပြီး
တားလိုက်မိပြန်ပါ၏။
" ဘာစာမို့ လောနေတာလဲbaby
ခု ဘယ်သွားမှာလဲ?
ကိုယ်လိုက်ပို့်ပေးမယ်လေ "
Chanyeolရဲ့အမေးကို ခေတ္တစဉ်းစားဟန်
ပြုနေပုံရသည့်babyက တော်တော်ကြာမှ
ပြန်ဖြေလာသည်ကား....
" B.C mission failed "....ဟူ၍ အဖြေက
တိုတိုရှင်းရှင်း
သို့သော်
ကြားလိုက်ရတဲ့ chanyeolအဖို့ ခေါင်းတောင်
ကျိန်းသွားရသည်အထိ...
" Sirလှမ်းခေါ်နေတာ chan
kyung sooလေးနားဘဲနေပေး
babyဘာသာသွားလို့ရတယ် "
" ဟင် အင်း အင်း ဂရုစိုက်အုံး
လိုအပ်ရင် ကိုယ့်ကိုလှမ်းခေါ်လိုက် "
" kyung soo ညစာမစားဘဲအိပ်မသွားနဲ့
baekhyunneနောက်ကျမယ်
Chanတော့ ညစောင့်အိပ်ပေးလိမ့်မယ်
ဂရုစိုက်အုံး ကလေး "
Kyung sooကို သိပ်ချစ်ရှာသည့်babyက
ဂရုတစ်စိုက်လှမ်းမှာပါသော်လည်း ကောင်ဆိုး
လေးကတော့ စူပုတ်မြဲစူပုတ်ကာ မျက်နှာကို
မဲ့ထားဆဲသာ။
" ဂရုစိုက်သွား baekhyunne "
ခပ်တိုးတိုး kyung soo၏ သတိပေးသံအကြား
Baekhyun၏ ခြေလှမ်းက တုံ့ခနဲရပ်၏။
ထို့နောက်မှ လည်ပြန်ကြည့်ကာ သူ့မူအတိုင်း
နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သည်
အထိ ရယ်ရင်း လက်ပြနှုတ်ဆက်လေသည်။
~~~~3~~~~(He is B.B.H)
Start from the beginning
