သို့သော်~~
မွေးရာပါ နှလုံးအားနည်းတဲ့ရောဂါနဲ့
အမောမခံနိုင်တဲ့kyung sooကို စိုးရိမ်လို့
သင်ပေးဖို့ငြင်းဆန်ခဲ့တာပင် ဒါကို ဒင်းလေးက..
" baekhyunneဆူဖို့ စဉ်းစားနေတာမလား
သိတယ် ဆူလဲ ကျွန်တော့်ကိုဘဲဆူ
Chanyeollieကို အပြစ်သွားမတင်နဲ့ "
" ဒါဖြင့် ကလေးက Chanဆီနေ့တိုင်းရောက်
နေတာပေါ့ "
" အင်း နေ့တိုင်းသွားသင်တာပေါ့
ဒါနဲ့လေ ကျွန်တော် အခြေခံတတ်သွားပြီသိလား
ဟိဟိ chanyeollieကျေးဇူးတွေ "
ဒင်းလေးက ပျော်နေသလောက် baekhyunမှာ
တော့ သွေးပါတက်ချင်နေရသည်။ ကျောင်းကို
တစ်ယောက်ထဲသွားခွင့်ပေးမိသည်ကဘဲ
မိမိအပြစ်လေလား?
ဒါ့ထက် chanလဲမကောင်းဘူး kyung sooလေး သူ့ဆီရှိတယ်ဆိုလဲ baekhyunကို
အကြောင်းကြားရမဲ့ဟာ....
တွေ့မယ်ဒင်းကြီးလဲ><
ခုတော့ ကလေးက ကျောင်းပျက်ရက်များပြီး
ကျောင်းကတောင် လှမ်းတိုင်ရတဲ့အဖြစ်
ဒီ့ထက်မှ ထပ်ပျက်ရင် စာမေးပွဲလဲ ပေးဖြေမှာ
မဟုတ်တော့ဘူးဆိုတာတွေ garrr park
chanyeol ဒင်း သေမယ်~~~
" baekhyunne မဆူတော့ဘူးလားလို့ "
" တော်တော်အဆူခံချင်နေတာလား do kyung soo!!
သွား အပေါ်တက် အခန်းပိတ်နေ ဘယ်ကိုမှ
သွားဖို့မကြံနဲ့ နောက်ရက်တွေ ကျောင်းကို
Baekhyunneလိုက်ပို့မယ် "
" hrrr! Baekhyunne.."
" တိတ်စမ်း ဘာမှဆက်ပြီးအထွန့်မတက်နဲ့
ကလေး မင်းဘက်ကမှန်တာတစ်ခုမှမရှိဘူး "
Baekhyunအော်လိုက်မိလေတော့
မျက်နှာလေးဟာ humpခနဲ့မဲ့ချလို့ အသံတိတ်
ကျသွားပြန်လေရဲ့။
" သွား အပေါ်တက်တော့ ညစာစားမယ်ဆိုမှ
လာခေါ်မယ် "
ခပ်တည်တည် ပြောလိုက်ရင်း ဒင်းလေးကို
မဆူမိအောင် နှင်ထုတ်လိုက်လေတော့
ကလေးစုတ်က အလိုက်မသိစွာ ခြေကိုဆောင့်
လို့ အပေါ်ထပ်သို့ လှမ်းတက်သွားပါ၏။
ဒါတောင်....
" hont!
Baekhyunneကြီးကမကောင်းဘူး "....ဟူ၍
တစ်ပြန်ကြီး စိတ်ကောက်သွားပါသေးသည်။
ကလေးလို့ပြောတာလဲ ဆန်းသလား?
လုပ်နေပုံကဖြင့် ကလေးသာသာအကွက်
တွေချည်းဘဲကို။
အပေါ်ထပ်ဆီမှ ဆောင့်ကြီးအောင့်ကြီး
တံခါးပိတ်သံကြားလိုက်လေတော့မှ
ခေါင်းတခါခါဖြင့် အသာရယ်လိုက်ရင်း
ကားသော့ဆွဲကာ အပြင်ထွက်ခဲ့ပါ၏။
Park chanyeolနဲ့ ရှင်းရအုံးမယ်လေ><
# အလိုလိုက်လို့ ဆိုးတယ် ခွင့်လွှတ်မှန်း
သိတော့ ပိုဆိုးတယ်
တစ်နေ့ ဒီအလိုလိုက်မှုတွေ မရနိုင်တော့မှာ
သိခဲ့ရင် ဒီ့ထက်ပိုလိမ်မာခဲ့မိလေမလား? #
#kaisoo forever 💓
#kaisoo is more than real 💕
ဖြေးဖြေးချင်းဘဲ သွားကြတာပေါ့လေ။
ဇာတ်လမ်းကခုမှအစပျိုးတုန်းဆိုတော့လဲ
ပျင်းစရာကောင်းနေမှာသိတယ်😇ပျင်းလဲ
ရေးစရာရှိတာရေးမှာဘဲ😂😙😙
~~~~2~~~~
Start from the beginning
