အလိုမကျစွာ နှာခေါင်းကိုတစ်ချက်ရှုံ့လိုက်ရင်း
ပြန်ပြောလေတော့ baekhyunneက
သဘောတကျရယ်နေလေရဲ့။

Aish!! baekhyunneစိတ်ထဲ ကျွန်တော်က
ဘယ်တော့မှကြီးမလာတဲ့ ကလေးလို့များ
တွေးနေလေသလား?

" အင်း ကိုယ့်အသေးလေးက အရွယ်တောင်
ရောက်လာပြီဘဲ ဒါနဲ့ဘယ်လိုလုပ်မလဲ
baekhyunneက kyungကိုဆို ကလေးလိုဘဲ
မြင်နေတာရော် "

" Hol!! ရှိစေတော့ဗျာ ခေါ်ချင်သလိုသာခေါ်
ဂရုမစိုက်တော့ဘူးok "

" kay "

Hummp!!
လုပ်ချင်ရာလုပ်ရရင် ရုပ်ကြီးက ဟွန်း
ချစ်ဖို့မကောင်းတဲ့ puppyစုတ် မသိဘူးကွာ
ခေါ်ချင်သလိုသာခေါ်တော့။

Ring~~~~~

Baekhyunneကိုစိတ်ကောက်ဟန်ပြုနေရာမှ
ရုတ်တရက် kyung sooလက်ထဲက
ဖုန်းက ထမြည်လာသည်မို့
အာရုံအမြန်ပြောင်းလိုက်ရတော့၏။

/ Unknown number/

ဖုန်းနံပါတ်အစိမ်းမို့ စိတ်ထဲထင့်ခနဲ...
မဟုတ်မှ ခုဆက်တာo.O
Arrr မဖြစ်ဘူး ခုဆက်တဲ့သူက kyung soo
ထင်တဲ့သူသာမမှားရင် baekhyunneရှေ့
ဖုန်းပြောလို့မဖြစ်ချေဘူး။

ဖုန်းကိုင်ဖို့တွေဝေနေတဲ့kyung sooကို baekhyunneကလဲ စူးစူးစိုက်စိုက်
ကြည့်နေလေသည်ကြောင့် အသက်ရှူ ရတောင်
ခက်လာသလို အမောဘဲ
ဖောက်ချင်လာသလိုလို...

တော်တော်ကြာသည်ထိ မကိုင်မိတာကြောင့်
ဖုန်းပြန်ကျသွားလေရာ....

" ဘယ်ကဖုန်းမို့ မကိုင်တာလဲကလေး "

" ဟမ် အမ် မှားဆက်တာနေမှာပါ
ဖုန်းနံပါတ်ကမှတ်ထားတာမဟုတ်ဘူး
baekhyunneရဲ့ "

" hol! မှားဆက်တယ်လို့ ကလေးက ဘာလို့
ထင်တာလဲ ကလေးလဲ ကိုင်လိုက်တာ
မဟုတ်ဘဲနဲ့ကို "

Baekhyunneရဲ့ ချောင်ပိတ်အမေးကြောင့်
Kyung sooမှာအဲခနဲနေရင်း ဘာပြန်ဖြေရမယ်
မသိတော့ ဖြေရခက်ရင်း နဖူးမှ ချွေးစေးတောင်
ဆို့လာသလိုလို..
ထိုခန~~~

Ring~~~~~~

ကံကသိပ်ကောင်းလွန်းစွာဘဲ ဒုတိယအကြိမ်
ဖုန်းကမြည်လာပြန်၏။ဒီတစ်ခါမှ မကိုင်ရင်
Baekhyunneကသံသယဝင်ပေတော့မည်။
အခုတောင်မှ baekhyunneမျက်လုံးမှာ
သံသယမီးတွေတောက်နေပြီလေ။
Kyung sooရဲ့ဖုန်းကို စိုက်ကြည့်နေသည်မှာ
ပေါက်ထွက်တော့မတတ်ပင်။

ReflectionWhere stories live. Discover now