"Si ဘာလုပ်​နေတာလဲ"

"ဒီတိုင်း....ဒါနဲ့​စော​စောကလူကဘယ်​သူလဲ"

"အာ အသိတစ်​ယောက်​ပါ သူကအလုပ်​လာ​လျှောက်​ရင်းနဲ့​တွေ့တာ..."

"​အော်​ အင်းပါ သူကဘာလာ​လျှောက်​တာလဲ?"

"BitHitမှာလွတ်​တဲ့​နေရာ​လေးတစ်​နေရာ​လောက်​ ရမလားဆိုပြီး လာ​မေးတာပါ"

"BitHit? ဒါ​ပေမဲ့ သူအခု​ရောက်​နေတာ Segull​လေ"

Namjoonပြန်​မ​ဖြေပါ။ Siပိုလို့ပင်​သံသယ​တွေဝင်​လာသည်​။

"ဒီ...ဒီလက်​ကောက်​လေးက​ရော?ဒါ​မောင်​လေးရဲ့ပစ္စည်းမလား!"

Siမယုံကြည်​နိုင်​စွာနဲ့ Namjoonလက်​ထဲကလက်​ကောက်​လေးကိုယူလိုက်​သည်​။

"Joonဘာ​တွေလုပ်​နေတာလဲ!"

"မဟုတ်​ဘူးSi ဒါ​လေးက ဂျပန်​မှာ Jungkook ဖြစ်​တုန်းက ကိုယ်​သိမ်းထားခဲ့တာ အဲ့ဒါ​လေးကျကျန်​ခဲ့လို့​စော​စောက​ကောင်​လေးက ပြန်​လိုက်​ပေးတာ ပြီးမှ သူကအလုပ်​လာရှာ​ကြောင်း​ပြောဖြစ်​တာ"

NamJoonရှင်းပြသမျှကို Siဘာမှပြန်​မ​ပြော​တော့ဘဲ လှည့်​ထွက်​ခဲ့လိုက်​သည်​။

ဟင့်​အင်း ဒီချိန်​မှာ ဘယ်​သူ့ကိုမှယုံကြည်​လို့မရဘူး။​ပြောလို့ရမလား...သူလည်း တခုခုကြံစည်​နေတာမဖြစ်​နိုင်​ပါဘူးလို့။

ဘယ်​သူ့မှမယုံဘူး ကိုယ့်​ကိုကိုယ်​ကလွဲရင်​မောင်​လေးအတွက်​ဘယ့်​သူကိုမှမယုံနိုင်​ဘူး ။

ဒါ​ပေမဲ့...Joonက ဒီကိစ္စကိုမသိခဲ့ဘူးမလား?ဟုတ်​ပါရဲ့။ ဒါ​တွေကိုသူမသိခဲ့ဘူး​လေ။

အို မှားကုန်​ပြီ သံသယ​တွေပြည့်​နေတာနဲ့ Joonကို​တောင်​ယုံကြည်​မှုပျက်​ပြားကုန်​ပါလား။ တောင်ခနဲဝင်လာခဲ့ မက်ဆေ့ချ်တစ်စောင်ကြောင့် Siချက်​ချင်းဖွင့်​ကြည့်​လိုက်​သည်​။

"နောက်ဆုံးတော့ Jeon Jungkookရဲ့အလှည့်​ရောက်​လာပြီ...​စောင့်​နေ​နော်​ အကုန်​လုံးဆီလာခဲ့မှာမို့"

"ရူး​နေလား  ဘာ​တွေလာ​ပြော​နေတာလဲ!"

က​ယောင်​ကတန်း​ရေရွတ်​လိုက်​ပြီး ဖုန်းကိုဆိုဖာ​ပေါ်လွှတ်​ချလိုက်​ပါ​တော့သည်​။

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Tahanan ng mga kuwento. Tumuklas ngayon