"Noona"

"​ပြော....​ပြော​လေ"

Jungkookရဲ့အသံ​တွေ တုန်​ရီ​နေတာ​ကြောင့်​HoonSiပါ​ချွေး​တွေပျံလာသလို။ ခပ်သဲ့သဲ့ကြားလိုက်ရတဲ့ရှိုက်သံကြောင့် သူမအံ့ဩသွားရသည်။

ဘုရား​ရေ...သူမရဲ့​မောင်​ကငို​နေခဲ့တာလား?။ လက်​ထဲက​ဖောင်​တိန်​လေး​တောင်​ ပြုတ်​ကျသွားခဲ့ရသည်​။

"ဘာလို့လဲ gukkie? noonaရဲ့​မောင်​လေး ငို​နေတာလား ဘာဖြစ်​တာလဲ noonaကို​ပြော​လေ"

"ကျွန်​တော်​သူ့ကိုချစ်​လို့မရဘူးလားဟင်​?"

ရှိုက်​သံနဲ့အတူ​မေးလာ​သောသူ့ရဲ့စကားကို ဘယ်​လိုခွန်းတုံ့ပြန်​ရပါ့မလဲ.

"ကျွန်​တော်​လေ ကျွန်​တော်​ကြောက်​တယ်​ ကျွန်​တော့်​ကြောင့်​သူထိခိုက်​မှာကို..."

"မဟုတ်​ပါဘူး​မောင်​လေးရယ်​ ဘာလို့ထိခိုက်​ရမှာလဲ မဟုတ်မဟက်အ​တွေး​တွေကို ထုတ်​ပစ်​လိုက်​ပါ​မောင်​လေးရယ်​"

"မဟုတ်​ဘူး...ကျွန်​တော်​ကျွန်​တော်​သိ​နေတယ်​"

"Jungkookရယ် စိတ်​ထိန်းစမ်းပါ "

"​ကျေးဇူးပြုပြီး မဟုတ်​ဘူးမလားဟင်​ noona အဲ့အရာက​လေ မရှိခဲ့ဘူးလို့​ပြော​ပေးပါလား"

Jungkook သည်းထန်​စွာ ငို​ကြွေး​နေ​လေသည်​။

"Jeon Jungkook ငါ​ပြောတာနား​ထောင်​စမ်း မင်းလွန်​ခဲ့တဲ့နှစ်​တွေမှာ ဘယ်​လို​နေခဲ့သလဲ ပြန်​တွေးစမ်း မင်းဘယ်​လောက်​တောင်​စွမ်း​ဆောင်​နိုင်​ခဲ့သလဲ ပြန်​တွေးကြည့်​"

"....."

"Jungkook ah...မင်းရဲ့အ​တွေး​တွေကို ထုတ်​ပစ်​လိုက်​စမ်းပါ ဘယ်​တော့မှဖြစ်​လာမှာမဟုတ်​ဘူး noonaကိုယုံ"

"......"

"Hello​ မောင်​လေး...​ပြောတာကြားလား"

"ကျွန်​တော်​နောင်​တရတယ်​...ကျွန်​တော်​...."

ဆက်​ပြီးထွက်​ကျမလာ​တော့တဲ့ စကားလုံး​တွေကို​ပြောမပြလည်း နားလည်​ပြီးသားပါ Jungkookရယ်။ တချိန်​ကျရင်​ ဒါ​တွေကို noonaကိုယ်​တိုင်​အဆုံးသတ်​ပေးနိုင်​ဖို့​မျှော်​လင့်​ပါတယ်​။

❝𝐃𝐀𝐓𝐈𝐍𝐆 𝐂𝐎𝐍𝐅𝐈𝐑𝐌❞Tahanan ng mga kuwento. Tumuklas ngayon