တွယ်ဖက်ထားတဲ့ လက်တွေကို
အသာဖြုတ်ချလို့ ကျနော့်ကို
မျက်နှာချင်းဆိုင်စေလိုက်ပြီး......
"ငါ မင်းကို ချစ်တာ သိတယ်မလား.....Innie"
"အင်း..... ကိုယ် သိတာပေါ့"
"မင်း ချစ်တာကို ငါလည်း သိတယ် Innie.....
ငါ မျက်စိနှစ်လုံးပွင့် သတိရလာပါပြီဆိုထဲက
ငါ့ကိုယ်ထဲ သွင်းနေတဲ့ သွေးတွေဟာ
မင်းရဲ့ သွေးတွေပါပဲလို့ အလောင်းအစား
လုပ်ရဲတဲ့ထိ ငါသေချာခဲ့တယ်.....
မင်းသာဆို တခြားလူရဲ့ သွေးတွေ
ငါ့ကိုယ်ထဲ အဝင်ခံမှာ မဟုတ်ဘူး.....
ငါသိတယ်.....အဲ့လောက်ထိကို
ငါ မင်းအချစ်တွေကို ယုံကြည်တယ်.....Innie"
"Hannie ရယ်....."
"အာ့ကြောင့်..... အာ့ကြောင့် ငါ့အချစ်တွေကိုလည်း
မင်း အကြွင်းမဲ့ ယုံပေးပါ.....ငါ မင်းကို တကယ် ချစ်တာ"
"Hannie.....ဘာပြောချင်နေတာတုန်း"
"ခုချိန်မှ ငါမင်းဆီ လာမယ်ဆိုရင်
မင်း ကိုယ့်ကိုကိုယ် အပြစ်တင်မှာလား.....Innie"
"ဟင်.....အင်"
Hannie ရေ......
ကိုယ်တို့ ဆက်ပြီး မှားယွင်းကြဦးမှာလားကွယ်
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
သူ့အချစ်တွေကို နည်းနည်းလေးတောင်
အထင်မလွဲချင်မိဘူး.....
မတောင်းခံပဲ ပေးလာတဲ့
သူ့ချစ်ခြင်း မေတ္တာတွေမှာ
ရက်ရောမှုတွေ မပါဝင်ကောင်းပါရဲ့.......
ငါဟာ အစားထိုးသူ တစ်ယောက်
မဟုတ်တန်ကောင်းပါရဲ့လို့
ကိုယ့်ကိုကိုယ် ကြိမ်ဖန်များစွာ
ပြန်လည် အားပေးနေရင်း.......
"အချစ်"ဆိုတဲ့ သမုဒ္ဒရာဟာ
တကယ့်ကို နက်ရှိုင်းလွန်းပါတယ်......
~•~•~•~•~•~•~•~•~•~•~•~•~•~•~•
To bE coNtiNueD.......
[Unicode]
အလုံပိတ် ဆေးရုံခန်းလေးထဲမှာ
လဲလျောင်းနေတဲ့ ကောင်လေးတစ်ယောက်......
Aircon စက်သံ တိုးတိုးလေး
ထွက်နေတာကလွဲရင် ဘာသံမှ
မကြားရတဲ့ အခြေအနေ.......
"သား...... သား သူငယ်ချင်းက
အဆင်ပြေသွားမှာပါ"
ဆရာဝန်ကြီးက ကရုဏာသံနဲ့
ကျနော့်အား ဖျောင်းဖျတဲ့ စကား......
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 17
Start from the beginning
