သူ့ပုံစံက အပြစ်လုပ်ထားတဲ့
ကလေးတစ်ယောက် အဆူခံရမှာစိုးလို့
မိဘတွေကို ချွဲနွဲ့နေတဲ့ပုံမျိုး.....

စိတ်ထဲကသာ ကျိတ်ပြီး
ကြည်နူးနေရတယ်......

"Innie က စိတ်ဆိုးနေတဲ့
လေသံကြီးနဲ့ကိုလို့....."

"အာ့ဆို ကိုယ် စိတ်မဆိုးရဘူးလား.....ပြော"

"အများကြီး မဆိုးနဲ့.....နည်းနည်းပဲဆိုး
Hannie ပြန်ချော့မယ်လေနော်"

"Hannie က ကိုယ်မကြိုက်တာကို
လုပ်ထားတာလေ....."

ကျနော်ဆိုသည်မှာလည်း ဟိုက
နည်းနည်းအလျှော့ပေးတာကို
ကိုယ်က သိပ်ဘဝင်လေဟပ်ချင်နေတာမျိုး......

"Hannie နားရွက်ဆွဲထိုင်ထ လုပ်ရမလား
ဒါမှမဟုတ် ဒူးထောက်ရမလား.....ဟင်
Innie စိတ်ဆိုးပြေအောင် ဘာမဆိုလုပ်ပါ့မယ်
စိတ်မဆိုးပါနဲ့ နော်..... နော်"

အဟက်.....အချွဲလေး

ဒီက သူ့ကို ဒဏ်ပေးဖို့ မပြောနဲ့
သူ့ဟာသူ ဒဏ်ရာရတာတောင်
ကမ္ဘာပျက်မလို ဖြစ်နေရတဲ့အထဲ......

"နောက်တခါ ထပ်မလုပ်တော့ဘူးလို့
ကတိပေးလား....."

"ဟုတ် ဟုတ်.....ပေးတာပေါ့ ပေးတယ် ပေးတယ်
Hannie ကို စိတ်မဆိုးတော့ဘူးမလား.....ဟီး"

"တကယ် တည်ရမှာနော်....."

"တည်ပါမယ်ဆိုနေ"

သူ့ကုတင်ပေါ် တင်ပလွှဲဝင်ထိုင်နေရင်းကနေ
အသာ လက်ကမ်းကြို ရင်ဖွင့်ပေးမိတယ်......

ချက်ချင်းကို ရင်ခွင်ထဲ တိုးဝင်လာတော့တာ......

ကျနော် လွတ်ထွက်သွားတော့မယ့်အလား
တင်းတင်းကြပ်ကြပ် ဖက်ထားတဲ့ သူ့လက်တွေ......

"Hannie.....သိပ် မဖက်နဲ့
လက်က နာမယ်လေ"

သူ ဖက်ထားတာကို ရင်ထဲ
ကြည်နူးနေရမယ့်အစား
သူ နာကျင်မှာကိုပဲ အရင်
ခေါင်းထဲ ရောက်မိတဲ့
ကျနော်ကိုကလည်း အကျင့်မကောင်းတာ.......

"ဟင့်အင်း.....ဖက်ချင်လို့"

သူ့ကျောပြင်ပေါ် ခပ်ဖွဖွ ပုတ်ပေးနေရင်း......

"ကိုယ့်ဘက်ကိုလည်း ငဲ့ပါဦး Hannie ရယ်......
ကိုယ့်မှာ Hannie တစ်ယောက်ပဲ ရှိတာ
သိတယ်မလား......ကိုယ့်ကို သနားတယ်ဆို
နောက် ဒီလိုတွေ မလုပ်နဲ့တော့....."

•~ ENDLESS ~•Where stories live. Discover now