"ကိုယ် မသွားတော့ဘူးနော်......"
ကြည်ကြည်နူးနူး စိုက်ကြည့်နေတဲ့
သူ့မျက်ဝန်းတွေက အချိန်ကြာလာတာမို့
ကျနော် နေတောင် မနေတတ်တော့.....
"Hannie.....ဗိုက်ဆာလို့လား
ဘာလို့ ကိုယ့်ကို အဲ့လို ကြည့်နေတာတုန်း"
"ဟက်.....Innie က ချစ်ဖို့ကောင်းနေလို့"
"အာ.....ပေါက်ကရတွေ"
"ကြည့် ကြည့်......ချောကလက်ပြားပေါ်
စတော်ဘယ်ရီတင်ထားသလိုမျိုး
ပါးကြီးက ရဲတက်လာတာ"
"Hannie!!!!! "
"ကရော် ကရော်......
ကောင်လေး ရှက်နေပြီ"
ကရော် ကရော် လုပ်နေတဲ့
သူ့လက်ညှိုးလေးကို အသာ
ဖမ်းဆွဲပြီး ညှစ်ထားလိုက်တယ်.....
"တော်ပြီနော်.....ထပ်မစနဲ့"
"ဟုတ် ဟုတ်.....သားသား မစတော့ပါဘူး"
သနားကမား မျက်နှာပေးလေးနဲ့
ညုတုတုအသံတွေက ကျနော့်ရဲ့
အကြီးမားဆုံး အားနည်းချက်တွေပါလေ.......
"အဟက်.....ခွေးပေါက်စ"
သူ့ဆံပင် ပွယောင်းယောင်းတွေကို
လက်နဲ့ အသာ ဖွပြီး ဆော့မိတယ်......
"Innie....."
"ဗျာ...."
"ငါ တောင်းပန်ပါတယ်"
သူ့မျက်ဝန်းတွေထဲ ခိုတွဲစပြုလာတဲ့
အရည်ကြည်တစ်ချို့.....
ဒီကောင်လေး..... ကျနော့်ရှေ့ဆို
သိပ်ကို မျက်ရည်လွယ်တာပဲလား
"လုပ်ပြီးမှ တောင်းပန်တယ်ပေါ့
ဟုတ်လား.....Hannie"
"Han....Hannie ကလေ မရည်ရွယ်ပဲနဲ့"
မော့ကြည့်လာတဲ့ မျက်ဝန်းတွေက
ပြိုတော့မယ့် မိုးလို......
တခါတလေတော့ ကိုယ်
စိတ်ဆိုးချင်ယောင် ဆောင်ပါရစေ......
ခုလိုမျိုး Hannie ကိုယ့်ကိုကိုယ်
ထိခိုက်အောင် လုပ်နေတာတွေ
ကိုယ် တားဆီးပါရစေလေ......
"အင်း..... ပြောပါဦး
မရည်ရွယ်ပဲနဲ့ ကိုယ့်လက်ကို
ကိုယ် ဓားနဲ့ လှီးလိုက်တယ်ပေါ့"
"Hannie ကို မအော်ပါနဲ့....ဟင့်"
"အယ်..... ကိုယ် အော်မိလို့လား"
YOU ARE READING
•~ ENDLESS ~•
Fanfictionလူကြီး....အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ရယူခြင်းတို့ ပေးဆပ်ခြင်းတို့ လူတွေ အမျိုးမျိုး ငြင်းခုန်နေကြချိန်မှာ ကျနော်ကတော့ သေချာပြောနိုင်တယ်....အချစ်ဆိုတာ လူကြီး ကိုယ်တိုင်ပါပဲ..... အချစ်က အတ္တကြီးသလို ကိုယ်ကလည်း အတ္တကြီးတယ် ကလေး....အမှန်ဆို မင်းက ကိုယ့်စိတ်...
Part 17
Start from the beginning
